မိုင်းယောင်း မေ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ပရိသတ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ စာကြည့်တိုက်ဖွင့်လှစ်ပေးကာ သုတ၊ ရသ စာအုပ်များ ငှားရမ်းပေးခြင်းများကို ဝန်ဆောင်မှုပေးလျက်ရှိပြီး ရုံးရှေ့မြေစိုက်ပြဘုတ်တွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပြည်သူများအနေဖြင့် ပြုမူနေထိုင် သွားလာရမည့် အသိပညာပေးစာစောင်များလည်း ပြသထားရှိကြောင်း သိရသည်။
ထို့အပြင် မြို့နယ်စာကြည့်တိုက်သို့ ရောက်ရှိလာသည့် သုတ၊ ရသ စာအုပ်အသစ်များ မိတ်ဆက်ပေးခြင်း၊ ကလေးငယ်များ အသိပညာဗဟုသုတ ရရှိရေးအတွက် ကလေးစာဖတ်ခန်း၌ ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုပြခြင်း၊ စာကြည့်တိုက်လှုပ်ရှားမှု ကဏ္ဍအနေဖြင့် စက္ကူခေါက်ပြခြင်း၊ ဆေးရောင်စုံခြယ်ပြခြင်း စသည့်အစီအစဉ်များကိုလည်း မိုင်းယောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
အားချာ