သတင်းများ

သံတွဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေး ကတ်ပြား များဆောင်ရွက်ပေးလျက်ရှိ
May 24,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်တွင် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦး စီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်နှင့် ၀န်ထမ်းများသည် အသက် (၁၆) နှစ်မှ အသက်(၁၈) နှစ်ပြည့်ပြီးသူ မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများ အား ဥပဒေနှင့်အညီ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေး နိုင်ရေးအတွက် ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ မေလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ အထိပျဉ်းမခုံ ကျေးရွာ အုပ်စုသို့သွား ရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများ စတင် ဆောင်ရွက်
May 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး အတွက် ယနေ့နံနက်(၉)နာရီအချိန်မှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ဂွမြို့ရှိ မြို့မဈေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်
May 24,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ ရှိမြို့မဈေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေး လုံခြုံရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိနှင့်စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဈေးကော်မတီဝင်များနှင့်ဈေးသူ ဈေးသားများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ယနေ့ နံနက် ၈ နာရီခွဲက မြို့မဈေးကြီးရှေ့၌ မီးဘေးလုံခြုံရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ် စတင်ကျောင်းအပ်လက်ခံ
May 24,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ် ယနေ့နံနက် ၉ နာရီ အချိန်မှစတင်၍ မင်းဘူး(စကု) မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စတင်ကျောင်းအပ်လက်ခံပေး လျက်ရှိကြောင်း သိရသည်။
မုဒုံမြို့တွင် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျောင်းအပ် လက်ခံ
May 24,2021
မွန်ပြည်နယ်မုဒုံမြို့နယ်တွင် အခြေခံပညာ (ထက်/လယ်/မူ) ကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့နံနက်(၉)နာရီအချိန်မှ စတင်၍ ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
တာချီလိတ်မြို့ရှိ အခြေခံပညာကျောင်းများတွင် စတင်ကျောင်းအပ်လက်ခံလျက်ရှိ
May 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ရှိအခြေခံပညာကျောင်းများ၌ယနေ့ နံနက် ၉ နာရီမှ စတင်ကာ ၂၀၂၁-၂၀၂၂ ခုနှစ်၊ပညာသင်နှစ်အတွက် ကျောင်းသားများကို စတင်လက်ခံလျက် ကြောင်းသိရသည်။
ပိုင်ကျုံမြို့အတွင်းရှိအခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး စတင်လက်ခံဆောင်ရွက်ပေး
May 24,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကျောင်းနေရွယ်ကလေးများ အားလုံးပညာသင်ယူနိုင်ရေး အတွက် အခြေခံပညာကျောင်းများအား ဇွန်လ(၁)ရက်နေ့တွင်စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပညာသင်ယူနိုင်ရေးအတွက် ကျောင်းအပ်နှံလက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာ အခြေခံပညာ ကျောင်းများဖြစ်သည့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၌ စတင် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ပခုက္ကူမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး သီတင်းပတ်စတင်
May 24,2021
ပခုက္ကူမြို့နယ်တွင်" ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံ ကြပါစို့" ဆောင်ပုဒ်နှင့်အညီ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေ၂၄ ရက်ကစတင်ပြီး ကျောင်းအပ်လက်ခံသည်။