သတင်းများ

မြောက်ဦးမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများ၌ ကျောင်းလက်ခံ အပ်နှံလျက်ရှိ
May 24,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံ ပညာ ကျောင်းများစတင်ဖွင့်လှစ်၍ ကျောင်းအပ်နှံလက်ခံလျက်ရှိရာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက် ၁၀ နာရီမှစတင်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းအပ်လက်ခံ ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝိုင်းမော်မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်စတင် လက်ခံ
May 24,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး ဆောင်ပုဒ်နှင့်အညီ ယနေ့ နံနက်ပိုင်းမှစ၍ ကျောင်းအပ် လက်ခံခြင်းကို မေလ(၃၁)ရက်နေ့ထိ လက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တနိုင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး စတင်ဆောင်ရွက်
May 24,2021
မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ယနေ့နံနက်(၉)နာရီမှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်အညီ ကျောင်းအပ်စတင် လက်ခံပေးလျက်ရှိကြောင်း သိရသည်။
မြေပုံမြို့နယ်အတွင်းရှိ အခြေခံပညာ(ထက်၊လယ်၊မူ) ကျောင်းများ၌ ကျောင်းအပ်လက်ခံ
May 24,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌(၂၀၂၁-၂၀၂၂) ပညာသင်နှစ်အတွက် ကျောင်းအပ် နှံရေး ကိုယနေ့(၁၀)နာရီအချိန်က မြို့နယ်အတွင်းရှိ အခြေခံပညာ (ထက်၊လယ်၊မူ) ကျောင်း များ၌ (ကိုဗစ်-၁၉) ကာကွယ်ရေးလမ်းညွှန်ချက်နှင့် အညီကျောင်းအပ်လက်ခံလျက်ရှိပြီး အတန်း အလိုက် သင်ထောက်ကူ ပစ္စည်းများ စာအုပ်များအခမဲ့ဖြန့်ဝေပေးသည်။
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်း စစ်တွေမြို့၊ အခြေခံ ပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုအား လှည့်လည်ကြည့်ရှု
May 24,2021
ပညာရေးဝန်ကြီးဌာန၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး သီတင်းပတ် အဖြစ် ၂၀၂၁ ခုနှစ်၊ မေလ ၂၄ ရက်မှ (၃၁) ရက်ထိ သတ်မှတ်ထားရာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုအား ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုအားပေးကြသည်။
ရွာငံမြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ လာရောက် ကျောင်းအပ်နှံ
May 24,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများ၌ ကျောင်းသားကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ လက်ခံလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့်အတူ လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။
ရွာငံမြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေး စတင်ဆောင်ရွက်
May 24,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်း ၊ အလယ်တန်းကျောင်း၊ မူလတန်း ကျောင်းများ၌ ကျောင်းသားကျောင်းသူများ ကျောင်းအပ် လက်ခံခြင်းကို ယနေ့ နံနက်ပိုင်းမှစတင်၍ လက်ခံလျက်ရှိရာ ကျောင်းသား/သူများ မိဘများနှင့်အတူ လာရောက်အပ်နှံလျက်ရှိကြောင်းသိရသည်။
ချောင်းသာမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၁ -၂၀၂၂ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် အစီအစဉ်ဖြင့် ကျောင်းအပ်လက်ခံ
May 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးသတင်းပတ်ဖြင့် ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ချောင်းသာမြို့အတွင်းရှိ သက်ဆိုင်ရာ အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရှိရသည်။