သတင်းများ

မှော်ဘီမြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ဆောင်ရွက်
May 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် မေလ(၂၄)ရက်နေ့မှ (၃၁)ရက်နေ့ထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် နိုင်ငံတော်မှ သတ်မှတ်ဆောင်ရွက်ချက်အတိုင်း ယနေ့တွင် မှော်ဘီ မြို့နယ်အတွင်းရှိ အ.ထ.က (၁၄)ကျောင်း၊ အ.လ.က(၃၄) ကျောင်း၊ အ.မ.က(၉၆)ကျောင်း တို့တွင် တစ်ပြိုင်တည်း ကျောင်းအပ်နှံရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းအပ် လက်ခံခြင်းများကို အခမဲ့ ဆောင်ရွက် ပေး
May 24,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာ သင်ယူခွင့် ရရှိရေး အတွက် ယနေ့နံနက်ပိုင်းမှ စတင်ကာကျောင်းအပ်လက်ခံခြင်းများကို အခမဲ့ ဆောင်ရွက် ပေးလျက်ရှိ ကြောင်းသိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်း ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး စတင်ဆောင်ရွက်
May 24,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင် မြို့နယ်အတွင်း ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများတွင် ယနေ့နံက်(၉)နာရီမှစတင်၍ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ ကျောင်းအပ်နှံရေး စတင်လက်ခံ ဆောင်ရွက်လျက်ရှိသည်။
ပဲခူးမြို့ မဟာစေတီကန်လမ်းနှင့် မဇင်းတိုးချဲ့(၁)လမ်း ဆက်သွယ်သည့်လမ်းများအား ကတ္တရာ လမ်းခင်းခြင်းကို စည်ပင်သာယာရေး ကော်မတီအဖွဲ့မှ ကွင်းဆင်းစစ်ဆေး
May 24,2021
ပဲခူးမြို့၌ မဟာစေတီကန်လမ်းနှင့် မဇင်းတိုးချဲ့(၁)လမ်း ဆက်သွယ်သည့်လမ်းများအား ကတ္တရာလမ်းခင်းနေခြင်း လုပ်ငန်းကို ယနေ့နံနက်(၁၁)အချိန်က စည်ပင်သာယာရေးကော်မတီ အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့သည်။
မြို့သစ်မြိူ့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
May 24,2021
မကွေးခရိုင်၊ မြို့သစ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးဦးတင်စိုးနှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိ စစ်ရေးကတ်ပြားများကို မေလပထမပတ်မှစတင်၍ မြို့သစ်မြို့နယ်ရုံးတွင် စတင် ပြုလုပ်ပေးလျက်ရှိသည်။
အခြေခံပညာကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် စတင်ကျောင်းအပ်လက်ခံလျက်ရှိ
May 24,2021
ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဉီးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝ မြို့နယ်တွင်  ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်၊ အခြေခံကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက်  ကြိုတင်ဆောင်ရွက်ပြီးဖြစ်သဖြင့်  ၂၄.၅.၂၀၂၁ ရက်နေ့    နံနက် (၉)နာရီမှ စတင်၍ ကျောင်းသား ကျောင်းသူများအား သက်ဆိုင်ရာကျောင်းအသီးသီးတွင် ကျောင်းအပ် လက်ခံပေးလျက် ရှိကြောင်း သိရသည်။
တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိ
May 24,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းအချိန်မှစတင်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ် လက်ခံ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ပန်းတနော်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး ဆောင်ရွက်ပေးလျက်ရှိ
May 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ယနေ့ နံနက် ၈ နာရီကစတင်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများရှိ စာသင်ကျောင်းများတွင် ကျောင်းအပ်နှံရေး လက်ခံ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။