သတင်းများ

ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်လက်ခံနေခြင်းနှင့် အခြေခံပညာ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေး လိုက်လံကြီးကြပ်စစ်ဆေး
May 24,2021
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြိုနယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ် ဌာနဆိုင်ရာများ ပါဝင်သည့်အဖွဲ့ဝင်များ၊ နယ်မြေလုံခြုံရေးအဖွဲ့များ ပူးပေါင်းပြီး ဆိပ်ဖြူမြို့နယ် အတွင်း ကျောင်းအပ် လက်ခံနေခြင်းများနှင့် အခြေခံပညာစာသင်ကျောင်းများ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေး မေလ ၂၄ ရက်နေ့ နံနက် ၇ နာရီအချိန်က လိုက်လံကွင်း ဆင်းကြီးကြပ် ဆောင်ရွက်လျက် ရှိသည်။
မင်းတုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူ (၈၂၂) ဦး လာရောက်အပ်နှံ
May 24,2021
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများ၌ ယနေ့နံနက်ပိုင်းမှ စတင်၍ ကျောင်းအပ်နှံခြင်းကို ကျောင်းများ အလိုက် လက်ခံ ဆောင်ရွက်ပေး လျက်ရှိပြီး မေလ(၂၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် အခြေခံပညာ ကျောင်းများအားလုံး၌ ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်နှံ။
May 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၏ အခြေခံပညာကျောင်း များအားလုံးကို ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းအပ်နှံရေး ရက်ဖြစ်သည့် မေလ ၂၄ ရက်မှ ၃၁ ရက်အထိ ကျောင်းသား၊ ကျောင်းသူများအား စတင်ကျောင်းအပ်နှံနေပြီဖြစ်သည်။
မိုင်းဆတ်မြို့၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်
May 24,2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယမန်နေ့ မွန်းလွဲ(၂)နာရီ (၄၀)မိနစ်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)မိုင်းဆတ်မြို့ “ဝ” အထူးဒေသ(၂)ရှိ ဝမ်ဟုန်ကျေးရွာခန်းမဆောင်၌ ကျင်းပသည့် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားသို့  တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝေါလေမြိုင်မြို့ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသား/ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းစတင်လက်ခံ
May 24,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ ဝေါလေမြိုင်မြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ် လက်ခံပေးလျက်ရှိသည်။
မော်လိုက်မြို့(အထက) ကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်လက်ခံနေမှုတို့အား တာဝန်ရှိသူများမှ ကြည့်ရှုအားပေး
May 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင် ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသည့် ဆောင်ပုဒ်အတိုင်း ကျောင်းသား/သူများ အားလုံး ပညာသင်ကြားနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းမှစတင်၍ မော်လိုက်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို စတင် လက်ခံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပ
May 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ ၂၀၂၁-၂၀၂၂နှစ်ပညာသင်နှစ်အခြေခံ ပညာကျောင်းများ ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့ နံနက်(၈)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့၊ မြို့မဈေးရှိ A ရုံနှင့် B ရုံကြား အုတ်ရေမြောင်းပြုလုပ်နေမှု ၇၅ ရာခိုင်နှုန်းပြီးစီး
May 24,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ စည်ပင်သာယာမြို့မဈေးအတွင်းရှိ A ရုံနှင့် B ရုံကြားရှိ အုတ်ရေမြောင်းပြုလုပ်နေမှုများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ပြီးစီးမှု အခြေအနေများကို ယမန်နေ့နံနက်ပိုင်းအချိန်က ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေးကြသည်။