သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ် ၍ ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံဆောင်ရွက်
May 24,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်၍ ကျောင်းသား/သူများအား ယနေ့နံနက် ၁၀ နာရီမှ စတင်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွန်းချက်များနှင့်အညီ ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ပညာရေးမှူး ဆရာကြီး ကြာစိန်အောင်ထံမှ သိရသည်။
ကျိုက်ဒုံမြို့(အ.ထ.က)ကျောင်း၌ ကျောင်းအပ်နှံမှုများ ဆောင်ရွက်
May 24,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် (၂၀၂၁-၂၀၂၂)ပညာသင်နှစ် ကျိုက်ဒုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများအား ကျောင်းအပ်နှံရေး ရက်သတ္တတစ်ပတ်အဖြစ် မေလ ၂၄ ရက်နေ့ နံနက် ၉ နာရီတွင် ကျောင်းသား၊ ကျောင်းသူ များအား စတင်ကျောင်းအပ်လက်ခံခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်နှံရေး လုပ်ငန်းများ ဆောင်ရွက်
May 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပညာရေးဝန်ကြီးဌာန ၊ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးသီတင်းပတ် ပထမနေ့အဖြစ် ယနေ့နံနက်ပိုင်းမှစတင်ကျင်းပရာ ကျောင်းသား/ ကျောင်းသူ များနှင့် မိဘများတပျော်တပါး လာရောက်အပ်နှံကြကြောင်း သိရသည်၊။
ဟင်္သာတ၌ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်လျက်ရှိသည့် အခြေခံပညာကျောင်းများကို လိုက်လံကြည့်ရှုအားပေး
May 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီကစတင်ပြီး အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် တာဝန်ရှိ သူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်
May 24,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးက “ပန်းခင်းစီမံချက်” ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် မိခင်နှင့်ကလေးခန်းမဆောင်၌ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ပုံပါကျင်မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံ
May 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ပထမနေ့အဖြစ် ယနေ့ နံနက် (၉) နာရီမှစတင်၍ ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်နှင့်အညီ ကျောင်းအပ်နှံခြင်း စတင်ဆောင်ရွက်
May 24,2021
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီမှစ၍ ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။