ပုသိမ်ကြီးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲကျင်းပ

ပုသိမ်ကြီး ဇွန် ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုဆိုင်ကယ်ပြင် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက အဆိုပါဦးစီးဌာနရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ကျေး/လက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုလှိုင် (နည်းပညာ)က သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းတွင် ထူးချွန်ဆုရရှိသော ပထမ မောင်အောင်သီဟ၊ ဒုတိယ မောင်ပြည့်ဖြိုးထက်မြတ်ဇော်၊ တတိယ မောင်သူရထွန်း တို့အား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး၊ မြို့နယ်ကျေး/လက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုလှိုင် (နည်းပညာ)၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို