ပြည် ဇွန် ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပုလဲသီတာခန်းမ၌ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မြို့နယ်အတွင်းရှိပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ် တိုင်းရင်းဆေး ပညာဦးစီးဌာနတို့မှ ဝန်ထမ်းများပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယင်း ကာကွယ် ဆေးကို ရပ်ကွက်/ကျေးရွာအုပ်စုများ၊ ဌာနဆိုင်ရာများနှင့် ဝန်ထမ်း မိသားစုများ၊ နယ်မြေခံ တပ်ရင်း တပ်ဖွဲ့များအပါအဝင် ပြည်မြို့နယ်အတွင်းရှိ ရဟန်းရှင်လူ ပြည်သူများအား (၈-၃-၂၀၂၁) ရက်နေ့မှ စတင် ထိုးနှံပေးခဲ့ပြီး ယခုနှစ် ဇွန်လ ၄ ရက်နေ့အထိ ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် ပြည်မြို့နယ်တွင် ယမန်နေ့က အထိ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ စုစုပေါင်း ( ၁၃၆၄၁ )ဦးရှိပြီးဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ပြည်ခရိုင်(ပြန်/ဆက်)