လေးမျက်နှာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign ပြုလုပ်

လေးမျက်နှာ ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် ယနေ့ နံနက် ၆ နာရီ အချိန်မှစ၍ Mask Campaign ပြုလုပ်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများနှင့် လေးမျက်နှာမြို့ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်းပြီး လေးမျက်နှာမြို့ပေါ်ရှိ အောင်မင်္ဂလာဈေးအတွင်းမှ ဈေးရောင်း ဈေးဝယ်သူများအား နှာခေါင်းစည်း(Mask) မဖြစ်မနေ တပ်ဆင်ကြရန်၊ လိုက်လံအသိပေး နိုးဆော်ခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်စေရေးအတွက် အသိပညာပေးခြင်းဖြင့် Mask Campaign ကို ပြုလုပ်ခဲ့ကြသည်။

လေးမျက်နှာ(ပြန်/ဆက်)