ရန်ကုန် ဇွန် ၄
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက် ရှိသည်။
ဒဂုံမြို့သစ်(တောင်
ပိုင်း)မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးခြင်းနှင့် ယခုကဲ့သို့ ဆောင်ရွက်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်း အခြေချနေထိုင်သူများအား ရပ်ကွက်အလိုက် စာရင်းကောက်ယူ၍ မူလ ဒေသများနှင့် ဆက်သွယ်စိစစ်၍ မှန်ကန်သော အိမ်ထောင်စုများအား မူလမြို့နယ် စာရင်းမှလျော့ချ၍ အိမ်ထောင်စုဇယားများ ထုတ်ပေးခြင်း၊ အသက် ၁၆ နှစ်နှင့် ၁၈ နှစ် အကြားပြည်သူများ၊ အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသော ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ ရပ်ကွက်ပေါင်း ၃၂ ရပ်ကွက်သို့ ဝန်ထမ်းများမှ နည်လှည့်ကွင်းဆင်းပြီး ၂၀၂၁ ခုနှစ် မေလ ပထမပတ်မှစ၍ ၁၈ လ အချိန်ယူပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး လက်ရှိအနေဖြင့် အိမ်ထောင်စု ( ၃၇၂) စုအား စီစစ် ဆောင်ရွက် ပေးထားကြောင်း သတင်း ရရှိသည်။
ခရိုင်(ပြန်/ဆက်)