စစ်တွေ ဇွန် ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ စစ်တွေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ် အကိုင် အခွင့်အလမ်းရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ် ဝါယာရိန်းသင်တန်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ် ကြွီတဲကျေးရွာအုပ်စု၊ တိုက်နယ်ဘုန်းတော် ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် စစ်တွေမြို့နယ်ကျေးလက်ဦးစီးမှူး ဦးသန်းစိုးဦးက သင်တန်းဖွင့်လှစ် သင်ကြားပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာက သင်တန်းတွင် သင်ကြားပေးမည့် အစီအစဉ်များကို ပြောကြားသည်။ ဆက်လက်၍ သင်တန်းဆရာက သင်တန်း အထောက်အကူပြုပစ္စည်းများကို သင်တန်းသားများထံသို့ ပေးအပ်သည်။
အဆိုပါသင်တန်းသို့ ကြွီတဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၂၀ ဦးတက် ရောက်ကြပြီး စစ်တွေမြို့နယ်မှ လျှပ်စစ်ကျွမ်းကျင်ဆရာများက စာတွေ့လက်တွေ့ ရက် ၂၀ ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
တင်ထွန်း