ချောင်းဆုံ ဇွန် ၄
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် အခြေခံပညာသင်ကျောင်းများ၌ ယနေ့ ဇွန် ၄ ရက်နေ့တွင် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိကြသည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ချောင်းဆုံမြို့နယ်၌ (အ.ထ.က) ကျောင်း (၉) ကျောင်း၊ အ.ထ.က-ခွဲ ကျောင်း(၅) ကျောင်း၊ အ.လ.က ကျောင်း(၂)ကျောင်း၊ အ.လ.က ခွဲ ကျောင်း(၅)ကျောင်း၊ မူလွန်ကျောင်း(၁၂) ကျောင်းနှင့် အ.မ.က ကျောင်း (၇၈)ကျောင်း စုစုပေါင်း (၁၁၁)ကျောင်းဖွင့်လှစ်ပညာ သင်ကြား လျက်ရှိသည်။
အဆိုပါ အခြေခံပညာကျောင်းများဖွင့်လှစ် ပညာသင်ကြားနေသည့် ကျောင်းသား/သူများကို ကိုဗစ်-၁၉ စည်းကမ်းချက်၊ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်စေပြီး စာသင်ကြားပေးလျက် ရှိကြောင်း၊ ချောင်းဆုံမြို့နယ်တွင် ဇွန်လ (၃) ရက်နေ့အထိ မူလတန်းအဆင့် (၇၂၇၈) ဦး၊ အလယ်တန်းအဆင့် (၃၁၀၈) ဦး၊ အထက်တန်းအဆင့်(၇၄၆) ဦး စုစုပေါင်း ကျောင်းသား/ သူ(၁၁၁၃၂)ဦးတို့သည် သက်ဆိုင်ရာကျောင်းများ၌ စိတ်အေးချမ်းသာ ပျော်ရွှင်စွာဖြင့် ပညာသင် ကြားလျက်ရှိကြောင် မြို့နယ်ပညာရေးဌာန၊ ပညာရေးမှူး ရုံးမှ သိရသည်။