လက်ပံတန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးသင်တန်း အခမ်းအနားကျင်းပ
Jun 10,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးမှ ကလေးသူငယ်များအား ရတနာသဖွယ် သတ်မှတ်၍ ချစ်ခင်မြတ်နိုး ယုယစွာ ပြုစုစောင့်ရှောက်လျက်ရှိသည့် အစဉ်အလာနှင့်အညီ မြန်မာကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွား (The Best Interest of the Child) နှင့် ကလေးသူငယ်များအတွက် ကောင်းသော ပတ်ဝန်းကျင်များရရှိရေးကို ဦးတည်လျက် ဆင့်ပွားအသိပညာပေးသင်တန်းကို ယမန်နေ့ နေ့လယ် ၁ နာရီက လက်ပံတန်းမြို့နယ်၊ လူမှုဝန်ထမ်းမူကြိုကျောင်းခန်းမတွင် ကျင်းပခဲ့သည်။