ကျောက်ဆည်မြို့နယ် တောင်ပလူကျေးရွာတွင် ကျေးရွာဘက်စုံသုံးခန်းမ ဆောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး
Jun 11,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာနှစ်တွင် ကုလားကျောင်းကျေးရွာအုပ်စု၊ တောင်ပလူကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း အတိုးရငွေနှင့် ပြည်သူထည့်ဝင်ငွေများ ပူးပေါင်းပြီး ကျေးရွာဘက်စုံ သုံးခန်းမတစ်ခု တည်ဆောက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။