ရမည်းသင်းမြို့နယ် ၂၀၂၁-၂၀၂၂ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူလေးများ (၃၂၇၇၃)ဦး ပညာသင်ကြား

ရမည်းသင်း ဇွန် ၁၁
 
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြိုနယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း များကို ဇွန်လ(၁)ရက်နေ့ မှစတင်၍ ပြန်လည်ဖွင့်လှစ်လျက်ရှိရာ ယနေ့အထိ အခြေခံပညာ ကျောင်းအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူ(၃၂၇၇၃)ဦး ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
ရမည်းသင်း မြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် အေးချမ်းစွာပညာသင်ကြားနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အထက်တန်းကျောင်း( ၁၄)ကျောင်း၊ အထက်တန်း ကျောင်းခွဲ(၁၃)ကျောင်း၊ အလယ်တန်းကျောင်း(၂၀)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၂၁)ကျောင်း၊မူလတန်းလွန်ကျောင်း(၃၂)ကျောင်း၊ မူလတန်းကျောင်း (၁၂၄)ကျောင်း၊ မူလတန်းကျောင်းခွဲ(၁၁)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်း(၆) ကျောင်း ဖွင့်လှစ်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် KG ကျောင်းသား/ သူ (၄၀၀၄)ဦး၊ Grade 1 (၄၀၉၄)Grade 2(၃၀၄၁)Grade 3 (၃၆၄၄)Grade 4(၄၃၅၂)ဦး၊စုစုပေါင်းမူလတန်းအဆင့်တွင် (၁၉၁၃၅)ဦး တက်ရောက်ကာ၊Grade 6(၃၀၇၄)ဦး၊ Grade 7(၂၉၁၅)ဦး၊Grade 8(၂၇၃၆)ဦး၊ Grade 9(၂၄၆၀)ဦး စုစုပေါင်း အလယ်တန်းဆင့်တွင် (၁၁၁၈၅)ဦး တက်ရောက်လျက်ရှိကြောင်းနှင့် Grade 10(၁၄၉၇)Grade 11(၉၅၆)ဦးစုစုပေါင်းအထက်တန်းတွင် (၂၄၅၃)ဦး တက်ရောက်လျက်ရှိရာ၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၂၇၇၃)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။