ဂန့်ဂေါမြို့အဝင်  ဗိုလ်ချုပ်လမ်းမကြီးတွင် ရေစီးရေလာကောင်းမွန်ရေး အုတ်ရေမြောင်းပြုလုပ်

ဂန့်ဂေါ ဇွန် ၁၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ အုတ်ရေမြောင်းပြုလုပ်ခြင်းကို ဂန့်ဂေါမြို့အဝင် မြောက်ကုန်းရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းမကြီးတွင် မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်စေရန် ဇွန်လ (၂) ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အုတ်ရေမြောင်းပြုလုပ်ရာတွင် အကျယ်(၂)ပေ၊ အနက်(၂)ပေ၊ ရေမြောင်းအရှည်(၆၀၀)ပေရှိပြီး ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် (၁၂၃) သိန်းဖြင့် ၂၀၂၁ခုနှစ်၊ ဇွန်လ(၂)ရက်နေ့မှစတင်ကာ ဆောင်ရွက်ခြင်းဖြစ်သည်။ လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ငန်းပမာဏ၏ (၃၅) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ ၂၀၂၁ ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့တွင် လုပ်ငန်း ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုများအား စံချိန်စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ကာလတွင် ပြီးစီးနိုင်ရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ကျော်အောင်နှင့်အဖွဲ့က တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး တာဝန်ရှိသူများ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 မောင်မျိုးမင်း(ယော