ကျောက်တံတား ဇွန် ၁၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွား များအား နိုင်ငံတော်မှ လူမူရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းကို သက်ဆိုင်ရာရပ်ကွက်များ အလိုက် ထောက်ပံ့ပေးအပ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လတို့အတွက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၃၀၀၀ဝိ/- နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ကျောက်တံတားမြို့နယ်အတွင်းရှိ သက်ကြီး ဘိုးဘွား (၂၁၅)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၆၄၅၀၀၀ဝိ/-) ကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး များမှ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။