မြို့သစ်မြို့နယ်၌ ကျောင်းတက်/ကျောင်းဆင်းချိန်တွင် ကျောင်းသားကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ပေး

 

မြို့သစ်  ဇွန် ၁၁

 

 

မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ် အခြေခံပညာကျောင်းများ၏ ကျောင်းတက် ကျောင်း ဆင်းချိန်တွင်   ကျောင်းသားကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် မြို့သစ်မြို့နယ်   ရဲတပ်ဖွဲ့မှူး  ရဲမှူးအောင်ကိုနိုင်၏ လမ်းညွှန်မှုဖြင့်   မြို့မစခန်းယာဉ်ထိန်းတပ်ဖွဲ့ဝင်များက   ယနေ့နံ နက် (၉)နာရီအချိန်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

 

အဆိုပါယာဉ်ထိန်းတပ်ဖွဲ့မှ နေ့စဉ်နေ့တိုင်း ကျောင်းဖွင့်ရက်များတွင် ကျောင်းသား/ကျောင်း သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်ရှင်းလင်းရေးလုပ်ငန်းများအား နေ့စဉ်ဆောင်ရွက်ပေး လျက် ရှိကြောင်း မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ရုံး တာဝန်ရှိသူထံမှသိရှိရသည်။

 

 

ကိုဇော် ( မြို့သစ်)