သတင်းများ

မြင်းမူမြို့နယ်တွင် သံပုရာသီးများ ပိုမိုထွက်ရှိသော်လည်း ဈေးကွက်မရှိ၍ စိုက်ပျိုးရောင်းချသူများ အဆင်မပြေ
Aug 12,2020
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဥယာဉ်ခြံစိုက်ပျိုးသူများအနက် မြန်မာသံပုရာသီးပင်စိုက်ပျိုး သူများအနေဖြင့် အသီးများ ပိုမိုထွက်ရှိသော်လည်း တင်ပို့ရောင်းချနိုင်ခြင်း မရှိသောကြောင့် အမြတ် နည်းပါးလျက်ရှိကြောင်းသိရှိရသည်။
ကြည့်မြင်တိုင်မြို့နယ် စာစစ်ဌာန(၂)ခုမှ ၂၀၁၉ - ၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်မှုရာခိုင်နှုန်း (၃၀.၈%)ဖြင့်​​ အောင်မြင်
Aug 12,2020
တက္ကသိုလ်ဝင်စာ​မေးပွဲ​ အောင်စာရင်းများကို ဩဂုတ်လ ၉ ရက်​နေ့ည ၁၂ နာရီ ၃၀ မိနစ်အချိန်က ပညာ​ရေးဝန်ကြီးဌာန အ​ခြေခံပညာဦးစီးဌာနမှ ထုတ်ပြန်​ကြေညာ​ပေးခဲ့ပြီး ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်​ရေး ညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ဩဂုတ်လ ၁၀ ရက်​နေ့ နံနက်ပိုင်း မှစ၍ လူကိုယ်တိုင်သွား​ရောက်ကြည့်ရှုနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်ထားရှိ​ကြောင်း သိရှိရသည်။
မယ်စဲ့မြို့နယ်တွင် အသက် ၆ လ မှ ၅ နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေး
Aug 12,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ ဩဂုတ်လဒုတိယပတ်တွင် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ်
မြောက်ဥက္ကလာပမြို့နယ်တွင် ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 12,2020
ကလေးငယ်များအား ဗီတာမင်အေပြည့်ဝပြီး ကျန်းမာသော ကလေးငယ်များ ဖြစ်နိုင်ရေးအတွက် အသက်(၆)လမှ (၅)နှစ်အတွင်း ကလေးငယ်များအား ဗီတာမင်အေ တိုက်ကျွေးခြင်းနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်အရှေ့ ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းရပ်ကွက်၊ မိသားစုဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြသည်။
မြောက်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ကာလ အတွင်း စားဝတ်နေရေးခက်ခဲသော မိသားစုများအား စားနပ်ရိက္ခာများ ဝေငှလှူဒါန်း
Aug 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ Nestle Myanmar ၊ We Love Yangon နှင့် We Love Northokkalapa
နမ့်မော်ဆွမ့် အခြေခံပညာ အလယ်တန်းကျောင်းဝင်းအတွင်းသန့်ရှင်းရေး ဆောင်ရွက်
Aug 12,2020
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် နမ့်မော်ဆွမ့် ကျေးရွာ အုပ်စု အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးတို့ ပူးပေါင်း၍ ပြည်သူ့ အကျိုး ပြု အဖြစ် ကျောင်းဝင်း အတွင်း/အပြင်သန့်ရှင်းရေးဆောင် ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက အဆိုပါ ကျောင်းတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကလေးဝမြို့နယ် စခန်းကြီးကျေးရွာ၌ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်နေသော ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ် စီးပွားရေးကုစားမှု အစီအစဉ်အရ Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (၆) ရွာအနက် ကျော်ဇင်ကျေးရွာအုပ်စု၊ စခန်းကြီးကျေးရွာ၌ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို ယမန်နေ့ ညနေ ၄ နာရီက တာဝန်ရှိသူများက ကွင်းဆင်း၍ စစ်ဆေးခဲ့သည်။
မန္တလေးမြို့ပေါ်ရှိ မဲစာရင်းကပ်ထားသောနေရာများသို့ လိုက်လံကြည့်ရှု
Aug 12,2020
မန္တလေးမြို့ပေါ်ရှိ မြို့နယ်များတွင် မဲစာရင်းကပ်ထားသောနေရာများသို့ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းမှစ၍ လိုက်လံကြည့်ရှုခဲ့သည်။