အင်းစိန်မြို့နယ်၌ ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်း ဖွင့်လှစ်
Jun 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ရေလုပ်သားများ ပင်လယ်ပြင်မှာ ကြုံရမည့် အခက်အခဲများကို ဖြေရှင်းနိုင်စေရန်နှင့် ပင်လယ်ပြင်မှာ တွေ့ကြုံရမည့် သဘာဝဘေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဖြေရှင်းနိုင်ရန် လုပ်ငန်းခွင် အရည်အသွေးတိုးတက်လာစေရန် ရည်ရွယ်၍ ပင်လယ် ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှု (Training on Basic On-job Skill for Fishermen)(1/2021) သင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်က ငါးလုပ်ငန်းအတတ်သင် သိပ္ပံ(ကြို့ကုန်း)တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။