ရမည်းသင်း ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများ စာဖတ်သည့် အလေ့အကျင့်များ ရရှိရန်နှင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေရေး လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန် ရည်ရွယ်ပြီး ဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ရေးသားသော "နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ "ဆောင်းပါးအခန်း(၃)/(၄)/(၅)ကို ဒုတိယပတ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ဆက်န်ထမ်းများမှ ဇွန်(၁၀) ရက်နေ့သတင်းစာပါ "နိုင်ငံဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ" ဆောင်းပါးမှအခန်း(၃) ပြည်သူဗဟိုပြု နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာစေရန် ကတိကဝတ်ပြုခြင်း၊ အခန်း(၄)လုပ်ငန်းတာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် တိကျမှန်ကန်မြန်ဆန် ထိရောက်စွာဆောင်ရွက်ခြင်းနှင့် အခန်း(၅) ဆန်းသစ်တီထွင်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ရှိခြင်းတို့ကို ဝန်ထမ်းတစ်ဦးချင်းဖတ်ကြားကြရာ ခရိုင်ဦးစီးမှူးက ဖတ်ရှုပြီးသည့်အခန်းအလိုက် ဝန်ထမ်းတစ်ဦးချင်း မိမိနားလည်သလို အတွေးအခေါ် အသိအမြင်ဗဟုသုတများ ပြန်လည်မျှဝေဆွေးနွေးစေခဲ့သည်။
၎င်းနောက် ခရိုင်ဦးစီးမှူးက ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး ဝန်ထမ်းများ မိမိမြို့နယ် ဒေသဆိုင်ရာ အချက်အလက်များကို အမြဲလေ့လာကြရန်နှင့် ကိုဗစ်ရောဂါ အန္တရာယ်ကို အထူးဂရုပြုစေရေး ရှင်းလင်းပြောကြားခဲ့ကြကြောင်း၊ အဆိုပါစာဖတ်ဝိုင်းအား အပတ်စဉ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)