ငါန်းဇွန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

 ငါန်းဇွန်၊ ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး၊ ကြိုတင်ကာကွယ်ရေး အတွက် ယနေ့နံနက် ၇ နာရီအချိန်ကအများပြည်သူများသိရှိစေရန် ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ဗီနိုင်းကြော်ငြာများကပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေ ခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ပူးပေါင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး၊ ကြိုတင်ကာကွယ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သော ညွှန်ကြားချက်များ၊ လိုက်နာဆောင်ရွက် ရမည့် စည်းကမ်းချက်များ၊ ဆောင်ရန် ရှောင်ရန် အချက်များအား အများပြည်သူများ သိရှိလိုက်နာစေရန် လူစည်ကားရာ၊ ထင်သာမြင်သာရှိသောနေရာများဖြစ်သည့် မြို့မစည်ပင် သာယာဈေး အဝင်/အထွက်လမ်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်းအကြား မြို့လယ် လမ်းဆုံတွင် ဗီနိုင်းဆိုင်းဘုတ်များစိုက်ထူခြင်း၊ မြို့ပေါ်ရပ်ကွက် များအတွင်း လူစည်ကားရာနေရာများ၌ ဗီနိုင်း ကြော်ငြာများ ကပ်ခြင်းနှင့် မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများနှင့် မြို့လယ်လမ်းဆုံတွင် လမ်းသွား လမ်းလာပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ဝေသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်း စာစောင်များနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)