ဝမ်းတွင်း၊ ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက (အမိန့် အမှတ် ၇ /၂ဝ၂၁ ) ရာဇဝတ်ကျင့်ထုံးဥပဒေအရ ပုဒ်မ ၁၄၄ (ညမထွက်ရအမိန့်) ကို ယခင်က သတ်မှတ်ထားရှိသည့် ည(၈)နာရီမှ နံနက်(၄) နာရီ အစား ယမန်နေ့ ဇွန်လ(၁၇)ရက်ရက်စွဲဖြင့် ည(၁၀) နာရီမှနံနက်(၄) နာရီချိန်ထိ ပြောင်းလဲ သတ်မှတ်၍ ထုတ်ပြန်ထားကြောင်းသိရသည်။
အဆိုပါ ရာဇဝတ်ကျင့်ထုံးဥပဒေအရပုဒ်မ ၁၄၄(ညမထွက်ရ)အမိန့်တွင်မြို့နယ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ် တစ်မျိုးမျိုးအသုံးပြု၍ ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ စီတန်းလှည့်လည်ခြင်း၊ လှုံ့ ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်း ဆန်ခတ်ပြုမှုခြင်းများမပြုလုပ်ရန် တားမြစ်ချက်များ အပြင်လူ (၅)ဦးသို့မဟုတ်လူ(၅)ဦးထက်ပိုသော သူများသည် ဝမ်းတွင်းမြို့နယ်အတွင်းရှိ လမ်းမကြီး များ၊ အများ ပြည်သူသွားလာရာလမ်း၊လမ်းသွယ်၊ လမ်းကြား၊ဥယျာဉ် (သို့မဟုတ်) အများ ပြည်သူနှင့် ဆိုင်သောနေရာများတွင်စုဝေးခြင်းမပြုရန် ည(၁၀)နာရီမှနောက် နေ့နံနက်(၄)နာရီအထိ ညမထွက်ရ အမိန့်ကို ပြောင်းလဲထုတ်ပြန်ခဲ့ပြီးအဆိုပါ အသစ်ထုန်ပြန်လိုက်သော (ညမထွက်ရ) အမိန့်သည် နောက်ထပ် အမိန့်တစ်စုံ တစ်ရာမရမချင်း အတည်ဖြစ်ကြောင်းသိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)