ပင်လည်ဘူး ဇွန် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ဇွန်လ ၁၄ ရက်နေ့က စတင်ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို မြို့အဝင်ဂိတ်နှင့် မူးမြစ်ကူးတံတားဂိတ်တို့တွင် ပြန်လည်ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မြို့တွင်း ဝင်/ထွက်လျက်ရှိသော မော်တော်ယာဉ်များဖြင့်လိုက်ပါလာသည့် ခရီးသည်များကို ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှားခေါင်းစည်းများ တပ်ဆင်စေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေးဝင်းခိုင်