သတင်းများ

နမ့်စန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရွာငံမြို့နယ်၌ ၂၀၂၁ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 21,2021
၂၀၂၁−ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ရွာငံမြို့နယ် မြို့ကုန်းရပ်ကွက် ဘောလုံးကွင်းအနီး၌ ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့ကန်တော်မင်္ဂလာ ၁ လမ်း အမှတ်(၁)တံတား ရာနှုန်းပြည့်ပြီးစီး
Jun 21,2021
 မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တိုင်းဒေသကြီးရန်ပုံငွေဖြင့် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ မြို့မရပ်ကွက်၊ ကန်တော်မင်္ဂလာ (၁)လမ်းတွင် အများပြည်သူ သွားလာရေးလွယ်ကူစေရန်နှင့် ရေစီးရေလာ ကောင်းမွန်ရေးအတွက် အမှတ်(၁) Box Culvert တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာခိုင်နှုန်းပြည့်ပြီးစီးနေ ပြီဖြစ်ကြောင်း သိရသည်။
စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော ဉယျာဉ်တော် ကျေးရွာကွန်ကရစ်ခင်းခြင်း လုပ်ငန်း ၇၅ ရာနှုန်းပြီးစီး
Jun 21,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြိို့နယ်အတွင်းဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဉယျာဉ်တော်ကျေးရွာနှင့် စလင်းမြို့သို့ဆက်သွယ်သည့်လမ်း ကွန်ကရစ်ခင်းလုပ်ငန်း ၇၅ ရာနှုန်းပြီးစီးပြီ ဖြစ်သည်။
ပြည်မြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 21,2021
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာရုံးက ယနေ့နံနက် ၁၀ နာရီတွင် ပြည်မြို့ အောင်မြေသာမူလတန်းလွန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ကျွန်းလှမြို့နယ်တွင် “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေး ကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေး
Jun 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယနေ့တွင် ပျဉ်းမမြိုင်ရပ်ကွက်၊အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ကျောက်တန်းမြို့ အလက(မြို့မ)ကျောင်းတွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်လှစ်သင်ကြား
Jun 21,2021
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်း ရေးဌာနမှ ထောက်ပံ့မှု၊ ရန်ကုန် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီ၏ ညွှန်ကြားမှုတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့ အလက(မြို့မ)ကျောင်းတွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဆုရ ရွှေဘိုခရိုင်အမျိုးသမီးဘောလုံးအသင်း တံခွန်စိုက်ဒိုင်းအပ်နှင်းပွဲ အခမ်းအနားကျင်းပ
Jun 21,2021
စစ်ကိုင်းတိုင်းဒေသကြီး အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ဇွန်လ ၈ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြု လုပ်ခဲ့ရာ ပြိုင်ပွဲသို့ တိုင်းဒသကြီးအတွင်းမှ ခရိုင် ၁၁ ခရိုင်ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးပထမဆုရ ရွှေဘိုခရိုင် အမျိုးသမီးဘောလုံးအသင်း၏ တံခွန်စိုက်ဒိုင်းဆုဖလားအား ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ထံသို့ အပ်နှင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ရွှေဘိုခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။