သတင်းများ

မြို့နယ်မီးသတ်စခန်းနှင့် နယ်မြေမီးသတ်စခန်းများ၌ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ ကျင်းပပြုလုပ်
Jun 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ် မြို့နယ်မီးသတ်စခန်းနှင့် နယ်မြေမီးသတ်စခန်းများ တွင် ယမန်နေ့ နံနက်ပိုင်းက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့တွင် တောင်သူစွမ်းဆောင်ရည်မြှင့်သင်တန်းဖွင့်လှစ်
Jun 28,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း မိုး၊ ဆောင်း၊ နွေရာသီ စိုက်ပျိုးသီးနှံများ အထွက်နှုန်းပိုမိုတိုးတက်စေရေး၊ စားနပ်ရိက္ခာဖူလုံစေရေး၊ အာဟာရပြည့်ဝ သော သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် အစားအစာများ ဘေးကင်းလုံခြုံစွာ စိုက်ပျိုးထုတ်လုပ်နိုင်ကြစေရန် ရည်ရွယ်၍ တောင်သူ စွမ်းဆောင်ရည်မြှင့်သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးရုံးတွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ဖွင့်လှစ်သင်ကြားခဲ့ ကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် ပါးစပ်နှာခေါင်းစည်း MASK များ အခမဲ့ဖြန့်ဝေခြင်းနှင့် Mobile Library ကွင်းဆင်းဆောင်ရွက်
Jun 28,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပါးစပ်နှာခေါင်းစည်း MASK များ အခမဲ့ဖြန့်ဝေခြင်းနှင့် Mobile Library ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
မြို့သစ်မြို့နယ်တွင် မြို့မအလယ်တန်းကျောင်းခွဲ RCC (၂) ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း (၂၅) ရာခိုင်နှုန်းပြီးစီး
Jun 28,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့၌ စာသင်ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ စာသင်ကြားနိုင်စေရန်အတွက် မြို့သစ်မြို့ မြို့မအလယ်တန်း ကျောင်းခွဲ ကျောင်းမြေနေရာတွင် (၉၀' ×၃၀') RCC (၂) ထပ်ကျောင်း ဆောင်သစ် ဆောက်လုပ်လျက်ရှိရာ ယခုအခါတွင်(၂၅) ရာခိုင်နှုန်း ပြီးစီး ပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပန်း​တောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီနိုင်ရေးအတွက် နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်
Jun 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်း​တောင်း​မြို့နယ် ထုံးဘိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက် ပိုင်းက ထုံးဘိုမြို့ဈေး အတွင်း/အပြင် လူစည်ကားရာနေရာများတွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် ကာကွယ်ဆေး မထိုးနှံရသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jun 28,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အတွင်းရှိ ကာကွယ်ဆေး မထိုးနှံရသူများအား ဇွန်လ(၂၆)ရက်နေ့နှင့် (၂၇)ရက်နေ့က မြို့နယ်မိုးလုံ လေလုံ အားကစားခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကျေးရွာ(၃)ရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းများ ခင်းပေးနိုင်ရေး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအကြောင်း ရှင်းလင်းဆွေးနွေး
Jun 28,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများ မြို့ပြနှင့်ကျေးလက် ကွာဟမှု မရှိစေရေးနှင့် ဒေသဖွံ့ဖြိုးမှုများမြန်ဆန်စေရေးအတွက် ကျေးရွာတွင်းကွန်ကရစ်လမ်းများခင်းပေးနိုင်ရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယနေ့နံနက်(၉)နာရီအချိန်က ကျေးရွာ(၃)ရွာသို့ကွင်းဆင်းပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပဲခူးမြို့ရှိ ရန်ကင်းသာပန်းခြံ တည်ဆောက်ပြုပြင်နေမှု အား ကြည့်ရှု
Jun 28,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းက ကောင်စီဝင် (၂) ဦးတင်ဦး၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ ညွှန်ကြားရေးမှူး ဦးရဲထွဋ်တို့နှင့်အတူ ပဲခူးမြို့ ဟံသာဝတီရပ်ကွက်ရှိ ရန်ကင်းသာပန်းခြံ အဆင့်မြှင့်တင် ပြန်လည်တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုခဲ့သည်။