သတင်းများ

သရက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကျင်းပ
Jun 28,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာပေချစ်မြတ်နိုးသူများ၏ စာဖတ်ဝိုင်းကျင်းပခြင်းကို ဇွန်(၂၆) ရက်နေ့ မွန်းလွဲ(၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် စာရေးဆရာမောင်ဝံသ၏ ပထမတန်းစားနိုင်ငံ ပထမတန်းစားစိတ်ဓာတ် စာအုပ်ကို စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ စစ်ကိုင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှူ့စစ်ဆေး
Jun 28,2021
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးများနှင့်အတူ ယမန်နေ့ နံနက်(၈)နာရီအချိန်က စစ်ကိုင်းမြို့နယ် မာလဲတောကျေးရွာရှိ မိုးပျံနဂါး ဘက်စုံ မွေးမြူရေးခြံသို့ ရောက်ရှိရာ တာဝန်ရှိသူများက နွား၊ ဝက်၊ ကြက်များမွေးမြူထားရှိမှု၊ ဒေသခံတောင်သူများ အလုပ် အကိုင်အခွင့်ရရှိမှု၊ လျှပ်စစ်မီးရရှိသုံးစွဲနေမှု၊ မွေးမြူရေးအတွက် ဆရာဝန်များခန့်ထားဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည် များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် မြို့နယ်ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း ယဉ်ကျေးလိမ္မာသင်တန်း (အငယ်တန်း)ဖွင့်ပွဲကျင်းပ
Jun 28,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်သံဃာ့နာယကအဖွဲ့ဦးဆောင်ပြီး မြို့နယ်ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း ယဉ်ကျေးလိမ္မာသင်တန်း (အငယ်တန်း)ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲက မုရစ်ကြီးကျေးရွာ မြစေတီဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ် -၁၉ အတည်ပြုလူနာ (၅) ဦးထပ်မံတွေ့ရှိ
Jun 28,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ (၅)ဦး ထပ်မံတွေ့ရှိခဲ့ ကြောင်းမြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှသိရသည်။
တမူးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၃၈)ဦး ထပ်မံစစ်ဆေးတွေ့ရှိ
Jun 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်အတွင်း ယမန်နေ့က ကိုဗစ်-၁၉ ရောဂါဖြစ်ပွား သူများနှင့် ထိတွေ့ဆက်စပ်သူများ၊သံသယရှိ ပြည်သူ (၁၀၅)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ(Test Kit) ဖြင့်စစ်ဆေးခဲ့ရာ (၃၈)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ "ပန်းခင်းစီမံချက်" ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jun 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ "ပန်းခင်းစီမံချက်"ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉နာရီ အချိန်ခန့်က ဝမ်လုံးကျေးရွာအုပ်စု၊ နားမွန်းကျေးရွာရှိ ကျေးရွာခန်းမဆောင်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ဝင်ငွေပုံမှန်ဖော်ဆောင်ပေးနေ၍ စိုက်ပျိုးသူတို့ အဆင်ပြေနေသော ဆူးပုတ်စိုက်ပျိုးရေး
Jun 28,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ တောင်သူများသည် ဆူးပုတ်ပင်များ စိုက်ပျိုးခြင်းဖြင့် ပုံမှန်ဝင်ငွေ ရရှိနေသောကြောင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ကျောက်တန်းကျေးရွာ ဆူးပုတ် စိုက်ပျိုးသူများထံမှ သိရသည်။
မိုင်းကိုင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာပေစကားဝိုင်း ကျင်းပ
Jun 28,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကြီးမှူးကျင်းပသော   စာဖတ်ရှိန်မြှင့်တင်ရေး  စာပေစကားဝိုင်း ဆွေးနွေးပွဲကို   ယနေ့  နံနက်ပိုင်းက  အွန်လိုင်းစနစ်ဖြင့် မြို့နယ်ပြည်သူ့စာကြည့်တိုက် ရုံးဝင်းအတွင်း  ကျင်းပပြုလုပ်ခဲ့သည်။