သတင်းများ

ကျိုက်မရောမြို့ မိုးလုံလေလုံအားကစားခန်းမ၌ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ထားရှိရန် ပြင်ဆင်ထား
Jun 28,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံရှိ စောင့်ကြည့်ကုသရေးစင်တာတွင် နေရာ လိုအပ်ချက်အရ ကိုဗစ်−၁၉ အတည်ပြုလူနာများ စောင့်ကြည့်ကုသနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ကျိုက်မရောမြို့ရန်မျိုးအောင်ရပ်ကွက်ရှိ မြို့နယ် အားကစားခန်းမကိုအမျိူးသား ၁၀၀ ဦး၊ အမျိုးသမီး ၅၀ ဦးခန့်ထားရှိကုသနိုင်ရေးအတွက် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရန် အတွက် မြို့နယ်အဆင့် ကော်မတီက ဇွန်လ၂၇ ရက်နေ့မှစတင်ကာကြိုတင် ပြင်ဆင်ဆောင်ရွက် ထားရှိကြောင်းသိရသည်။
တံတားဦးမြို့နယ် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 28,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည် ။
ရွှေတောင်မြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Jun 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရုံးက ယနေ့နံနက် ၉း၃၀ နာရီတွင် ရွှေတောင်မြို့ (အထက) ရွှေတောင်ရတနာခန်းမ၌  သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်
Jun 28,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးရန်ပုံငွေကျပ်(၉.၉)ကျပ်သန်းဖြင့် အမှတ်(၃) ရပ်ကွက်ကျောက်စိမ်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း​ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ
Jun 28,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် ၁၀နာရီအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်း (Book Club)နှင့် ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ ချစ်ဦးညို ရေးသားသည့် “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း နှင့် ယဉ်ကျေးမှုမျက်နှာစာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ (၅)ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူ(၃၂)ဦးရှိ
Jun 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ပြည်သူ့ဆေးရုံ၌ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ အသက်(၂၀)အမျိုးသားနှင့်အတူ ဖူဆယ်ဘောလုံးကန်ကြသူများအား ယမန်နေ့ညနေပိုင်းက ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Rapid Test Kit (RTK) စက်ဖြင့်စစ်ဆေးရာ အမျိုးသား(၁၁)ဦးတွင် ထပ်မံ၍ပိုးတွေ့ရှိကြောင်းကျန်းမာရေးဌာနက သိရသည်။
ပေါင်းတည်မြို့နယ် သပြေကုန်းကျေးရွာ ရှေ့ရန်ကုန်-ပြည်ကားလမ်းဘေးရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ်တွင် အသိပညာ ပေးလုပ်ငန်းများ နေ့စဉ်အရှိန်ဟုန်မြှင့် ဆောင်ရွက်
Jun 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ဥသျှစ်သဖန်းအင်ဆိပ်‌ကျေးရွာအုပ်စု၊ သ‌ပြေကုန်းကျေးရွာရှေ့ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ်တွင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများမှအဖွဲ့အလိုက် နေ့စဉ်တာဝန်ချထား၍  ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို  ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
နမ္မတူမြို့နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၂)ဦး ထပ်မံတွေ့ရှိ
Jun 28,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ နမ္မတူရပ်ကွက်၊ နယ်မြေ (၃)တွင် နေထိုင်သော အမျိုးသမီး(၂)ဦးတွင် ယမန်နေ့က ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း နမ္မတူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။