သတင်းများ

နွားထိုးကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ၁၁ ဦးထပ်မံတွေ့ရှိ
Jun 28,2021
နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းနှင့် အမှတ်(၄)ရပ်ကွက်အတွင်းရှိ အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၆)ဦးတို့သည် အနံ့မရရှိသဖြင့်၎င်းတို့၏နေအိမ်များတွင် သွားရောက်၍ ကိုဗစ်-၁၉ ပိုး ရှိ/မရှိစစ်ဆေးနိုင်ရန် ၎င်းတို့၏ Swab များရယူကာ မန္တလေးမြို့ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာ ဌာနသို့ပေးပို့ထားရှိပြီး ၎င်း(၁၁)ဦးအား H.Q ထားရှိကြောင်းသိရသည်။
မတ္တရာမြို့နယ်တွင် နံ့ပျောက်နေသူတစ်ဦးမှာ ကိုဗစ်၁၉ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ထိစပ်သူများစစ်ဆေး ၈ ဦးတွင် ရောဂါပိုးထပ်မံတွေ့ရှိ
Jun 28,2021
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ဇွန်လ ၂၇ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်အချိန်က အမျိုးသားတစ်ဦး အနံ့ပျောက်သဖြင့် စစ်ဆေးရာမှ ကိုဗစ်၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သဖြင့် ထိစပ်သူများကိုစစ်ဆေးရာ ၈ဦးတွင် ရောဂါပိုးထပ်မံတွေ့ရှိခဲ့ကြောင်းသိရသည်။
ဇူလိုင် ၁ ရက်မှ စ၍ စီးတီးတက္ကစီများ၏ မှတ်ပုံတင်​​ခြင်းလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ပေးမည် 
Jun 27,2021
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)၏ ကြေညာချက်ဖြင့် ရန်ကုန်မြို့အတွင်းရှိ စီးတီးတက္ကစီများ မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်း လုပ်ငန်းများကို ဇူလိုင် ၁ ရက်မှ စတင်၍ ပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 
မင်္ဂလာဒုံမြို့နယ် လှော်ကားရေဝေရေလဲဒေသတွင် မိုးရာသီသစ်ပင်  ၂၇၀၀၀ စိုက်ပျိုးပွဲတော်ကျင်းပ
Jun 27,2021
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ ကြီးကြပ်မှု၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို မင်္ဂလာဒုံမြို့နယ် လှော်ကားရေဝေရေလဲဒေသတွင် ယနေ့ နံနက် ၇ နာရီ၌ ကျင်းပသည်။
ညောင်လေးပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ရဲနွယ်ဆည်အတွင်း ငါးမျိုး နှစ်သိန်းစိုက်ထည့်
Jun 27,2021
စိုက်ပျိုးရေး‌၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ညောင်လေးပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မှ ယနေ့ နံနက် ၈ နာရီ ခွဲအချိန်က ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်ရှိ ရဲနွယ်ဆည်အတွင်းသို့ ငါးမျိုးနှစ်သိန်း စိုက်ထည့်ခဲ့ကြောင်း သိရသည်။ 
ဝါးခယ်မမြို့တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျော်) ရိတ်သိမ်းခြင်းနှင့် မြေဩဇာထည့်သွင်းခြင်း အခမ်းအနားကျင်းပ
Jun 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျော်) ရိတ်သိမ်းခြင်းနှင့် မြေဩဇာထည့်သွင်းပွဲ အခမ်းအနားကိုဝါးခယ်မမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ ကြာဖြူ ကျေးရွာရှိ စိုက်ပျိုးရေးတောင်သူပညာပေးစခန်းတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်ရှိ မီးဘေးသင့်ပျက်စီးခဲ့သည့် လူနေအိမ် (၆၅)လုံးအတွက် ပြန်လည်ထူထောင်နိုင်ရေး ထောက်ပံ့ငွေများပေးအပ် 
Jun 27,2021
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ နမ္မတူမြို့နယ်၊ ချောင်းဆာကျေးရွာအုပ်စုအတွင်းရှိ မီးဘေး သင့်ပျက်စီးခဲ့သည့် လူနေအိမ် (၆၅) လုံးအတွက် ပြန်လည်ထူထောင်နိုင်ရေး ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က
နတ်တလင်းမြို့တွင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာသိကောင်းစရာသင်တန်းဖွင့်လှစ်
Jun 27,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများအကြောင်းသိကောင်းစရာသင်တန်းပို့ချမှုကို ယမန်နေ့ နေ့လယ် ၁နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်သည်။