သတင်းများ

ရိုတာဗိုင်းရပ် (စ်) ကာကွယ်ဆေးကို ပုံမှန်ကာကွယ် ဆေးထိုး/ဆေးတိုက် အစီအစဉ်တွင် စတင် ထည့်သွင်းခြင်း အသိပေးဆွေးနွေးပွဲကျင်းပ
Feb 01,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျင်းပပြုလုပ်သော ရိုတာဗိုင်းရပ်(စ်)ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်ဆေးကို ပုံမှန် ကာကွယ်ဆေးထိုး / ဆေးတိုက်အစီအစဉ်တွင် စတင်ထည့်သွင်းခြင်း အသိပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၁၁) နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်တန်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှမ်းရွာသစ်မြို့တွင် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်
Feb 01,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း လုပ်ငန်းကို ယနေ့နံနက် (၇) နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကသာခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ (၁/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကသာမြို့၌ ကျင်းပပြုလုပ်
Feb 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ (၁/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲ (၃) နာရီ အချိန်ခန့်က ကသာခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
မတ္တရာမြို့နယ် မြို့မစျေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်
Feb 01,2020
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် မြို့မစျေးအတွင်း၌ မီးဘေးကြိုတင် ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ် တပ်ဖွဲ့တို့ ပူးပေါင်းဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါ စျေးအတွင်း၌ ဆောင်ရွက်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့တွင် အဆုပ်ရောင်ရောဂါ coronavirus နှင့်ပတ်သက်၍ ကူးဆက်နိုင်ချေ ရှိသည့် နည်းလမ်းများ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများနှင့် ကာကွယ်နိုင်မည့် နည်းလမ်း များအား အသိပေးရှင်းလင်း
Feb 01,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် အဆုပ်ရောင်ရောဂါ coronavirus နှင့်ပတ်သက်၍ ကူးဆက်နိုင်ချေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာ များနှင့် ကာကွယ်နိုင်မည့်နည်းလမ်းများအား အသိပညာပေး ရှင်းလင်းပွဲကို၊ ယမန်နေ့၊ နံနက်(၁၀)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ စကားဝါမြေခန်းမတွင်ပြု လုပ်ခဲ့ကြောင်း သိရသည်။
ကိုရိုနာ ဗိုင်းရပ်စ် ရောဂါကာကွယ်ရေး ကျန်းမာရေး အသိပညာပေး
Feb 01,2020
ပြည်သူများအကြား ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ရောဂါကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများ ကျန်းမာရေး အသိပညာပေးနှင့် (2019 Novel Coronavirus 2019-nCov) ဗီနိုင်း ပိုစတာ ဆိုင်းဘုတ် စိုက်ထူခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် Mask များအခမဲ့ ဖြန်ဝေခြင်းတို့ကို ယနေ့ နံနက် ၈ နာရီခွဲက ရမည်းသင်မြို့ ရန်ကုန်−မန္တလေးကားလမ်းဘေး နာရီစင်အနီး လူစည်ကားသည့်နေရာတွင် ကျင်းပပြုလုပ်သည်။
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား ရိုးရာခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Feb 01,2020
တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား (၃)ခရိုင် ရိုးရာခြင်းလုံးပြိုင်ပွဲကို အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ရိုးရာ ခြင်းလုံး အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြိတ်မြို့တွင် ကျင်းပလျက်ရှိရာ ဗိုလ်လုပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ပြီး မြိတ်ခရိုင်အသင်းနှင့် ထားဝယ်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဗိုလ်လုပွဲတွင် မြိတ်ခရိုင်အသင်းမှ အနိုင်ရရှိခဲ့သည်။
သရက်မြို့၌ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုရ ကျောင်းသား/ကျောင်းသူများ ဆုချီးမြှင့်ပွဲကျင်းပ
Feb 01,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်(၂) နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင် ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့ရာ ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများနှင့် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။