ငါးသိုင်းချောင်းမြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် အုတ်စီရေမြောင်း တည်ဆောက်လျက်ရှိ
Mar 16,2020
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ မြို့မရပ်ကွက်၊ ကမ်းနားလမ်း ငဝန်ရေကာတာနှင့် ဈေးတာ(အရံတာ) နှစ်ခု အတွင်းရှိ စည်ပင်သာယာမြို့မဈေးကြီးအပါအဝင် အိမ်ခြေ(၂၀၀)ခန့်တွင် မြို့သန့်ရှင်း သာယာလှပရေးနှင့် မိုးရာသီ၌ ရေစီးရေလာကောင်းမွန်ရေးအတွက် အကျယ်(၃)ပေ၊ အနက်(၄)ပေ၊ အရှည်(၂၀၃၆) ပေ အုတ်စီရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ(၂၀၁၉)ခုနှစ်တွင် အရှည်(၇၃၄) ပေ တည်ဆောက်ပြီးစီးခဲ့ပြီး ယနေ့အထိ (၂၈၂)ပေ စုစုပေါင်း (၁၀၁၆)ပေ တည်ဆောက်ပြီးစီးပြီဖြစ်ရာ တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်လျက်ရှိပြီး ယခုနှစ်မိုးရာသီကာလမတိုင်မီ ရာနှုန်းပြည့် ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။