သတင်းများ

မင်းတပ်မြို့၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ​ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 16,2020
မင်းတပ်မြို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ​ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။
မိုးမောက်မြို့ အ.ထ.က ကျောင်းတွင် Corona Virus ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Mar 16,2020
Covid - 19 Virus ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုအနေဖြင့် ကချင်ပြည်နယ်၊ မိုးမောက်မြို့ အ.ထ.က ကျောင်းတွင် မတ်လ(၁၆)ရက်နေ့ တက္ကသိုလ် ဝင်တန်း ဓာတုဗေဒ ဘာသာရပ်ကိုဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူ (၃၈၉)ဦးအား အပူချိန်တိုင်းကိရိယာနှင့် စစ်ဆေးခြင်း ၊ လက်သန့် ဆေးရည် (Hand Gel)ထားရှိပေးခြင်း၊ လက်ကမ်းစာစောင်
ကျိုက်မရော၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးများ ပေးအပ်
Mar 16,2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့် အထက်သက်ကြီးဘိုးဘွား (၆၁၆) ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေး ပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဟင်္သာ ခန်းမ၌ပြုလုပ်သည်။
ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရုံးအဆောက်အဦသစ်တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းကျော် ပြီးစီး
Mar 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး အဆောက်အဦသစ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက် ငွေကျပ် ၁၆၃ ဒသမ ၂၀ သန်းဖြင့် ဌာနမှတာဝန်ယူ၍ ယခုနှစ်ဇန်နဝါရီ ၁ ရက်ကစတင် ဆောက်လုပ်ခဲ့ရာ ယခုအခါ ၈၆ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အငယ်တန်း အင်ဂျင်နီယာ(၂)(မြို့ပြ)ဒေါ်မေဇော်ဦးက ပြောသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူများအား မြို့မိမြို့ဖ စေတနာရှင်ပြည်သူများက စာရေးကိရိယာ ပစ္စည်းများနှင့် အာဟာရဒါနအဖြစ် သောက်ရေသန့်ဗူးနှင့် မုန့်များ လာရောက်ကျွေးမွေးလှူဒါန်း
Mar 16,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မတ် ၁၆ ရက် ၊ ယနေ့ နံနက် ၉ နာရီက ၂၀၂၀ ပြည့်နှစ် ၊ တက္ကသိုလ်ဝင် စာမေးပွဲ ဓာတုဗေဒဘာသာရပ်အား ဆက်လက်ဖြေဆိုကျင်းပရာ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများကို ပွင့်ဖြူမြို့ပေါ်ရှိ စေတနာရှင် ပြည်သူများက စုပေါင်း၍ စာရေးကိရိယာပစ္စည်းများနှင့် အာဟာရဒါနအဖြစ် သောက်ရေဗူးများနှင့် မုန့်များလာရောက်ကျွေးမွေး လှူဒါန်းခဲ့ကြောင်းသိရသည်။
နမ္မတူမြို့နယ်၌ (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ
Mar 16,2020
နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်ရေး အသိ ပညာပေးဆွေးနွေးပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး ရပ်ကွက်နှင့် ကျေးရွာများတွင် ကျန်းမာရေးဌာနများမှ ကြော်ငြာကပ်ခြင်းများဆောင်ရွက်လျက်ရှိ
Mar 16,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန် ရှိသူများက ရပ်ကွက်အတွင်းနေထိုင်ကြသူများ အသိပညာ ရရှိကြစေရန် ရည်ရွယ်လျက် အသိပညာပေး ပိုစတာများလိုက်၍ ကြော်ငြာကပ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ပင်လည်ဘူးမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း အသိပညာပေးဟောပြော
Mar 16,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေး များအား ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါအကြောင်း ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။