ဝိုင်းမော်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဝိုင်းမော် ဇွန် ၃၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန့်နေ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဆမားခန်းမ၌ကျင်းပခဲ့သည်။

အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ဇော်မင်းဦးက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ယခင်က မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏ ကြိုးစားဆောင်ရွက်မှုများကို အသိအမှတ်ပြုပါကြောင်း၊ ယခု အချိန်အခါတွင်လည်း မြို့နယ်အတွင်း ရောဂါပိုးကူးစက်ပြန့်ပွားမှုနှုန်း၊ ကိုဗစ်-၁၉ ကာကွယ်‌ရေး ညွှန်ကြားချက်များအား‌ ဒေသခံပြည်သူများအား ကျယ်ပြန့်စွာဆော်ဩပေးရန်၊ ရပ်ရွာအလိုက် Mask Campaign ပြုလုပ်ကြရန်၊ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များနှင့် ပြည်ပမှ ပြန်လာကြသူများကို ညွှန်ကြားချက်အတိုင်း Quarantine ထားရှိ‌စေရေး ပြင်ဆင်‌ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ညွှန်ကြားချက်များကို မလိုက်နာဘဲ တမင်ရည်ရွယ်ကာ ဖောက်ဖျက်သူများအား အသိပညာ ပေးခြင်းမရပါက၊ ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားကို သက်ဆိုင်ရာ တာဝန်ရှိသူအကြီးအကဲဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ် ရေးမှူးနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခိုင်သက်မွန်