မယ်စဲ့ ဇွန် ၃၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်း ကျင် သာယာစိုပြည်စေရေးနှင့် သစ်တောများ ရေရှည်တည်တံ့စေရန်အတွက် ပြန်လည်ပြုစု ပျိုးထောင် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြည်သူလူထုသို့ ဖြန့်ဝေပေးရန်နှင့် မြို့နယ်အတွင်းရှိ သစ်တောစိုက်ခင်းများအတွက် သစ်တောဦးစီးဌာန ယာယီပျိုးဥယျာဉ်၌ ပျိုးပင်များကို ပျိုးထောင်ထား ရှိကြောင်း သိရသည်။
သံလွင်အရှေ့ဘက်ခြမ်း ကြိုးပြင်ကာကွယ်တောရှိ စီးပွားရေးကျွန်းစိုက်ခင်း ဧက (၅၀)တွင် စိုက်ပျိုးရန် အတွက် ကျွန်း ၂၇၀၀၀ ပင်နှင့် အပင်မရှင်သန်သော ပျိုးပင်များနေရာတွင် ပြန်လည်အစားထိုး စိုက်ပျိုး ရန် အတွက် ကျွန်းအပင် ၅၄၀၀ ပင်၊ စုစုပေါင်း ကျွန်း ၃၂၄၀၀ ပင်၊ လူထုဖြန့်ဝေရန်အတွက် သစ်မာမျိုးစုံ အပင် ၁၅၀၀၀ ပင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အစီအစဉ်ဖြင့် ဆောင်ရွက်သည့် ကွက်လပ်ဖြည့် စိုက်ပျိုးခြင်း ၁၅ ဧကအတွက် ကျွန်းနှင့် လျှော်ဖြူ ၈၁၀၀ ပင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ညွှန်ကြားချက်အရ ကျေးရွာပိုင်ထင်းစိုက်ခင်း ၂ ဧကအတွက် မြန်မာကုက္ကို ၁၂၁၀ ပင်၊ စစ် ၁၂၁၀ ပင် ပျိုးထောင်ထားရှိကြောင်း၊ ရှင်သန်အောင်မြင်ပြီး ပျိုးပင်များအား ကျေးရွာများသို့ ဖြန့်ဝေရန် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်သူများနှင့် ဌာနဆိုင်ရာများအား ၂ ပေနှင့် အထက်ရှိ ပျိုးပင်များကို ဆက်လက်ဖြန့်ဝေပေးမည်ဖြစ်ကြောင်းနှင့် သစ်တောဦးစီးဌာနအနေဖြင့် မယ်စဲ့မြို့ မြို့ရှောင်လမ်း၊ ဖားဆောင်း-မယ်စဲ့-ဘီပီ (၁၃)လမ်း ဆက်သွယ်ရေးလမ်းဘေး ဝဲ/ယာ တစ်လျှောက်တွင် မြန်မာကုက္ကိ ၄၀၀ ပင်၊ ပိတောက် အပင် ၁၀၀၊ စစ် အပင် ၁၀၀၊ စုစုပေါင်း ပျိုးပင် ၆၀၀ စိုက်ပျိုးပြီးစီးခဲ့ ကြောင်း မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မြတ်ဇော်ထံမှ သိရသည်။
ဝတ်ရည်