လှိုင်းဘွဲမြို့တွင် သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးများထည့်ခြင်း ဆောင်ရွက်

လှိုင်းဘွဲ   ဇူလိုင်   ၁

မိုးဦးကျရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အများ ပြည်သူသုံးရေတွင်း ရေကန်များနှင့် နေအိမ်များသို့ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးများ ထည့်ပေးခြင်းကို ယနေ့နံနက်ပိုင်း က လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် အတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေး ကာကွယ်ခြင်းလုပ်ငန်းများကို မြို့နယ်ကြက်ခြေနီအသင်းနှင့် ရပ်ကွက် တာဝန်ရှိသူများက ပိုးလောက်လန်းများ ပေါက်ဖွားနှုန်း မရှိစေရေးအတွက် ပြည်သူသုံး ရေတွင်း၊ ရေကန်များအား အဘိတ်ဆေးများထည့်ခြင်း၊ နေအိမ်များ၌ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေး များ ထည့်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် သွေးလွန်တုပ်ကွေး ရောဂါကို ကြိုတင်ကာကွယ်နိုင်ကြောင်း နေအိမ်ဘေး ပတ်ဝန်းကျင်များကို အမြဲမပြတ် သန့်ရှင်းရေး ပြုလုပ်ကြရန် ကျန်းမာရေးအသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)