လှိုင်းဘွဲ ဇူလိုင် ၁
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၁ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် အပြည် ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းတို့ ပူးပေါင်း၍ သမဝါယမအကြောင်းအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လှိုင်းဘွဲမြို့နယ် သမဝါယမအသင်းစုလီမိတက် ဉက္ကဌ ဦးလင်းခိုင်နှင့် သမဝါယမအသင်းစု အတွင်းရေးမှူး ဦးမြသွေးတို့က သမဝါယမ၏ အဓိပ္ပာယ်၊အနှစ်သာရ၊ ကျင့်ဝတ်၊ ကမ္ဘာ့သမဝါယမနှင့် မြန်မာ့ သမဝါယအသင်းများ ဖြစ်ပေါ်လာပုံ၊ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဖြစ်ပေါ်လာပုံ၊ မြန်မာ့သမဝါယမ အသင်းများ၏ အဆင့်ဆင့်တိုးတက်လာမှုများ၊ သမဝါယမအသင်း အဆင့်ဆင့်ဖွဲ့စည်းနေမှုနှင့် လုပ်ငန်း ဆောင်ရွက်နေမှုများ၊ လှိုင်းဘွဲမြို့နယ်တွင် သမဝါယမအသင်း လုပ်ငန်းဆောင်ရွက်နေမှု စသည့် အကြောင်း အရာများကို Online မှ တစ်ဆင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)