ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများ လိုက်နာဆောင်ရွက်ရန် အသိပညာပေးဗီနိုင်းပိုစတာများထားရှိ

ရန်ကင်း ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်‌ရေး ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရန် အသိပညာပေး ဗီနိုင်းပိုစတာများကို ယမန်နေ့ နေ့လယ် ၃ နာရီက ရန်ကင်းမြို့နယ် ရပ်ကွက်များအတွင်းရှိ လမ်အဝင်အထွတ် ဂိတ်များ၊ စျေးများတွင် စိုက်ထူခဲ့ကြကြောင်း သိရှိရသည်။

ဗီနိုင်းပိုစတာများထဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ခရီးသွား ပြည်သူများ လာရောက်ပါက အများ ပြည်သူအကျိုးကို ရှေးရှု၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုယ်အပူချိန် တိုင်းတာခြင်းလုပ်ငန်း လမ်းညွှန်အတိုင်း ဆောင်ရွက်ပြီး အပူရှိန်မြင့်တက်ပါကလည်းကောင်း၊ သံသယလက္ခဏာများ တွေ့ရှိပါကလည်းကောင်း၊ သွေးအောက်ဆီဂျင် (So 02) တိုင်းတာခြင်းများ ဆောင်ရွက်ပြီး So 02(၉၂%) ရှိသော ခရီးသွားပြည်သူ များအား ခတ္တနာနေစေ၍ ပြန်လည်တိုင်းတာရန်နှင့် ပြန်လည် တိုင်းတာရာတွင် သွေးတွင်းအောက်ဆီဂျင် ၉၂%နှင့် အောက်ရှိပါက RDT ဖြင့် စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး ဆေးစစ်ကုန်ကျစရိတ် သတ်မှတ် နှုန်းထားကို ကာယကံရှင်မှ ပေးဆောင်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးစစ်ဆေးခြင်းအား ရန်ကုန် တိုင်းဒေသကြီး မြို့အဝင်/မြို့အထွက် ဂိတ်များတွင် စစ်ဆေးပေးမည်ဖြစ်ကြောင်း စသည်ဖြင့် အသိပေး ခြင်းများ ပါရှိကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် (Community Base Facility Quarantine Center) အဖြစ် အမှတ် ၁၄ ရပ်ကွက် မိုးကောင်းဘုရားလမ်းရှိ မဟာသာသနာ့ ဗိမာန်တော်တွင် ခုတင်(၇၀)ဦးဆံ့ ထားရှိရန် နေရာများပြန် လည်စီစဉ်ထား‌ရှိ‌ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရပြီး အဆိုပါ Quarantine Centre တွင်  ကိုဗစ်-၁၉‌ ရာဂါပိုး ရှိသူနှင့်ထိ‌တွေ့ ဆက်စပ်ခဲ့ သူများ၊ ရောဂါဖြစ်ပွားရာ ‌နေရာ‌ဒေသများမှ ပြန်လာသူများအား ထားရှိမည်ဖြစ်ကြောင်း သိရှိရသည်။

လှလှထွေး