သတင်းများ

ဆောမြို့တွင် ပလတ်စတစ်ညစ်ညမ်းမှု လျော့ချရေး အသိပညာပေးဆောင်ရွက် 
Jul 01,2021
မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီမှ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျော့ချရေးနှင့် အစားထိုးအသုံးပြုရေး လမ်းညွှန်ချက်နှင့်အညီ (SUNDAY STOP) လှုပ်ရှားမှုအဖြစ် ယမန်နေ့ နံနက်ပိုင်းက ဆောမြို့ ယာယီပျံကျစျေးနှင့် မြို့မစျေးကြီးတို့တွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်း (Mask) များ ဖြန့်ဝေ
Jul 01,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ပြန်လည်ဖြစ်ပွားနေပြီး မျိုးဗီဇပြောင်း ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပိုး များ မြန်မာနိုင်ငံအတွင်း တွေ့ရှိနေရသဖြင့် ကြိုတင်ကာကွယ် နိုင်ရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ ဝေငှခြင်းတို့အား ယနေ့ နံနက်ပိုင်းက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်း လူစည် ကားရာ နေရာများဖြစ်သည့် အမှတ်(၅) ဈေး၊ (၃၀)ရပ်ကွက် ဒဂုံ ရွှေပြည်ဈေး၊ (၄၂)ရပ်ကွက်ရှိ ဗိုလ်မင်းရောင် ဈေး၊ (၄၁)တိုးချဲ့ရပ်ကွက် မဟာမြိုင်ဈေး၊ (၄၉)စျေး၊ (၅၀)ရပ်ကွက် လမုဈေးတို့တွင် ပြည်သူများအား ဝေငှခဲ့ကြောင်း သိရသည်။
ထန်တလန်မြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်
Jul 01,2021
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း (ရန်ကုန်တိုင်းဒေသကြီး) မှ သုတ၊ ရသ စာအုပ် စာစောင်များလှူဒါန်းမည်
Jul 01,2021
မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ပြီးဖြစ်သည့် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ပြည်သူများ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ သုတ၊ ရသ စာအုပ်စာစောင်များကို ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များသို့ လှူဒါန်းပေး သွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး၊ စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးနွဲ့မြင့်သိန်းထံမှ သိရသည်။
ဆွမ်ပရာဘွမ်မြို့နယ်၌ ကျေးရွာသောက်သုံးရေရရှိရေးအသိပညာပေး Talk Show ကျင်းပ
Jul 01,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ မြို့နယ်ကျေးလက်ဒေသဖွံ့ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး ကျေးရွာသောက်သုံးရေရရှိရေး အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ကျင်းပခဲ့သည်။
အုတ်ဖိုတွင် မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပမည်
Jul 01,2021
ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး လှုပ်ရှားမှုအသွင်ဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ကြိုးဝိုင်း၊ အကွက်အမှတ်(၁၂)၌ ဇူလိုင်လ ၃ ရက်နေ့တွင် မိုးရာသီသစ်ပင် စိုက်ပွဲတော်အခမ်းအနားကို ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
မူဆယ်ခရိုင်၌ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့နေ့လည်ပိုင်းက ခရိုင်/မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ရန်ကုန်-မန္တလေးကားလမ်းတွင် ကျန်းမာရေး စစ်ဆေးရေးဂိတ်ဖွင့်လှစ်
Jul 01,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ရန်ကုန်-မန္တလေးကားလမ်း ထနောင်ပင်လှကျေးရွာ၊ကေသီဦး စက်သုံးဆီအရောင်းဆိုင်အနီးတွင် ယနေ့နံနက် (၁၀)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာ်မတီမှ ကျောက်ဆည်မြို့အတွင်းသို့ အခြားတိုင်းဒေသကြီး နှင့်ပြည်နယ်များမှ ဝင်ရောက်လာသည့် ပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။