မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း (ရန်ကုန်တိုင်းဒေသကြီး) မှ သုတ၊ ရသ စာအုပ် စာစောင်များလှူဒါန်းမည်

သာကေတ ဇူလိုင် ၁

မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ပြီးဖြစ်သည့် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ပြည်သူများ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ သုတ၊ ရသ စာအုပ်စာစောင်များကို ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များသို့ လှူဒါန်းပေး သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးနွဲ့မြင့်သိန်းထံမှ သိရသည်။          

ရန်ကုန်တိုင်းဒေသကြီးအတွင်း စံ(၅)ရပ်နှင့်အညီ ဖွင့်လှစ်ထားသည့် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက် များ အနေဖြင့် သုတ၊ ရသ စာအုပ်စာစောင်များ နည်းပါးနေပါက လူကိုယ်တိုင် လာရောက်၍ ရန်ကုန် တိုင်းဒေသကြီး၊ စာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ လာရောက် အလှူခံနိုင်ကြောင်းနှင့် အခြားသိရှိလိုသည်များရှိပါက ဦးနွဲ့မြင့်သိန်း (ဥက္ကဋ္ဌ၊ စာကြည့်တိုက်များဖောင်ဒေးရှင်း၊ ရန်ကုန်တိုင်းဒေသကြီး) ဖုန်းနံပါတ်-၀၉-၉၆၄၀၁၃၀၆၉၊ ဦးဝိစာရ ရပ်ကွက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းလဲ သိရှိရသည်။

ဆောင်းနှင်းဖြူ