အုတ်ဖိုတွင် မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပမည်

အုတ်ဖို ဇူလိုင် ၁

ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး လှုပ်ရှားမှုအသွင်ဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ကြိုးဝိုင်း၊ အကွက်အမှတ်(၁၂)၌ ဇူလိုင်လ ၃ ရက်နေ့တွင် မိုးရာသီသစ်ပင် စိုက်ပွဲတော်အခမ်းအနားကို ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပွဲတော်တွင် ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ရေမနေနှင့် မဟော်ဂနီ စသည့် ပျိုးပင် ပေါင်း(၇၀၀)ခန့်ကို စိုက်ပျိုးသွား မည်ဖြစ်ပြီး သစ်ပင်စိုက်ပွဲတော်သို့ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၁၅၀)ဦးခန့်ကို ဖိတ်ကြား ထားပြီးဖြစ်ကြောင်း သိရသည်။

အောင်သူ