ဆွမ်ပရာဘွမ်မြို့နယ်၌ ကျေးရွာသောက်သုံးရေရရှိရေးအသိပညာပေး Talk Show ကျင်းပ

ဆွမ်ပရာဘွမ်၊ ဇူလိုင် ၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ မြို့နယ်ကျေးလက်ဒေသဖွံ့ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး ကျေးရွာသောက်သုံးရေရရှိရေး အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ကျင်းပခဲ့သည်။
အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ကုဋေ သန်းသန်းဌေးက Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းပြခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးသန့်ဇင်ဦးက သောက်သုံးရေပေးဝေရေးနှင့်ပတ်သက်၍ ကျေးလက် ဒေသများတွင် မည်သည့်ရည်မှန်းချက်ဖြင့်ရေဖြန့်ဝေပေးကြောင်း၊ ကျေးရွာများကို သောက်သုံးရေ ရရှိအောင် မည်သို့ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။