ကသာ ဇူလိုင် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးနယ်မြေမီးသတ်စခန်းမှ မီးသတ် တပ်ဖွဲ့ဝင်များသည် ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာမှ (၂)မိုင်ခန့်ဝေးသော လက်ပံဇင် ကျေးရွာ (ရေလယ်ကျွန်း)တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွား နေသည့်အတွက် ယနေ့ နံနက်(၇)နာရီအချိန်ခန့်က အဆိုပါကျေးရွာရှိ လူနေအိမ်တစ်လုံးနှင့် နွားများကို ရေဘေးလွတ်ရာသို့ သွားရောက်ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကသာမြို့နယ်၊ ကျောက်ထုံးကြီးနယ်မြေမီးသတ်စခန်းမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးညီညီထွန်း ဦးစီး၍ သန္ဓေ(၁+၂)ဦး၊ အရန်(၅)ဦးတို့မှ လက်ပံဇင်ကျေးရွာရှိ လူနေအိမ်(၁)လုံးနှင့် နွား(၁၄)ကောင်တို့ကို ကျောက်ထုံးကြီးကျေးရွာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ ကြောင်း သိရသည်။
ကသာမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်သည် (၁၀၄၀)စင်တီမီတာဖြစ်ပြီး ဇူလိုင်လ (၂)ရက်နေ့၊ နံနက်(၆)နာရီ မိနစ်(၃၀)အချိန်တိုင်းတာချက်အရ (၇၇၁)စင်တီမီတာနှင့် မွန်းတည့် (၁၂)နာရီ မိနစ်(၃၀)အချိန်တိုင်းတာချက်အရ (၇၇၆)စင်တီမီတာရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)