ဗိုလ်တထောင် ဇူလိုင် ၂
စာပေမြတ်နိုးတန်ဖိုးထားတတ်လာစေရန်၊ အသိအမြင်ဗဟုသုတများကို အသုံးချ၍ အဖိုးတန်သော လူငယ်များ ဖြစ်လာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် အတွေးအခေါ် အသိအမြင်များ အား မျှဝေတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗိုလ်တထောင် မြို့နယ်ရုံးသည် ယနေ့ နံနက်(၁၀)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre ) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာဆြာအို၏ “အမျိုးသမီးများကိုသတိရပါ” စာအုပ်အားဆွေးနွေး ခဲ့ပြီး အမျိုးသမီးများသည် အမျိုးသားများနှင့် မတူသော စွမ်းဆောင်ချက်များရှိ၍ အမျိုးသမီး တစ်ဦး ချင်း၏ စွမ်းဆောင်ချက်များသည် လူတိုင်းမလုပ်နိုင်သော ကိစ္စများစွာပါဝင်ကြောင်း လူငယ်များအတွက် အကျိုးပြုသော စာအုပ်ကောင်း လမ်းပြပေးတဲ့ စာအုပ်တစ်အုပ်ပါပဲ။ မိဘကောင်းဖြစ်လိုသူသည် သား သမီး မရခင်ကတည်းက သားကောင်း သမီးကောင်းရလိုစိတ်ဖြင့် ရှောင်ရန် ဆောင်ရန်တို့ကို ဖော်ပြ ထားပါတယ်။ ကိုယ်ဝန်ဆောင်ဘဝတွင် မမြင်ရသေးသော ရင်သွေးအတွက် မေတ္တာထား၍ စောင့်ရှောက် ကြရပုံ မွေးဖွားပြီးသည့် နောက်တွင်လည်း လူမမယ်အရွယ်မှစ၍ ရုပ်ပိုင်းဆိုင်ရာပြုစု ပျိုးထောင်မှု၊ စိတ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်မှုတို့ကို လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးကြရပုံတို့ နှင့်အခြား စာအုပ်ပါ အကြောင်းအရာများကို ဒေါ်သိန်းသိန်းယဉ်မှ ဦးဆောင်ဆွေးနွေးခဲ့သည်။
ထို့နောက်စာပေ ချစ်သူစာဖတ်ပရိသတ်များမှ ၎င်းစာအုပ်ပါအကြောင်းအရာများနှင့် ၎င်းတို့ တစ်ဦးချင်းစီ ၏ အမြင်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သိန်းသိန်း