ဆိပ်ကြီးခနောင်တိုမြို့နယ်၌ နေအိမ်ပြင်ပ ထွက်တိုင်း မဖြစ်မနေ Mask တပ်ဆင်သွားလာရေး အထူး ကြပ်မတ်စစ်ဆေးပညာပေး
Aug 28,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီမှစ၍ မြို့နယ်အတွင်း အကြောင်းအမျိုးမျိုးဖြင့် နေအိမ်ပြင်ပ ထွက်သူတိုင်း အကာအကွယ် Mask တပ်ဆင်သည့် အလေ့အကျင့် ရှိစေရေးနှင့် မဖြစ်မနေ Mask တပ်ဆင်သွားလာရေး အထူးကြပ်မတ်စစ်ဆေး ပညာပေးခြင်းကို မြို့နယ် အတွင်း လူစည်ကားရာနေရာများတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။