ခင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၄၂) ဦး ရှိပြီး

ခင်ဦး ဇူလိုင် ၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ဇူလိုင်လ ၈ ရက်နေ့တွင် RDT Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ အတည်ပြုလူနာ (၈) ဦး ထပ်မံ တွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံက သိရသည်။

 

ခင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကို ဇွန်လ ၁၉ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့ထိ (၁၅၀) ဦးကို စစ်ဆေးပေးခဲ့ရာ အောင်သီရိရပ်မှ (၄) ဦး၊ မြကန်သာရပ်မှ (၁) ဦး၊ အောင်ချမ်းသာရပ်မှ (၁) ဦး၊ အောင်မင်္ဂလာရပ်မှ (၁) ဦး၊ တပင်ကောင်း (တောင်) ကျေးရွာမှ (၉) ဦး၊ ပင်တင်းကျေးရွာမှ (၄) ဦး၊ မြင်းဒေါင်းကျေးရွာမှ (၃) ဦး၊ လက်ပံလှ ကျေးရွာမှ (၃) ဦး၊ မကျီးတုံးကျေးရွာမှ (၁) ဦး၊ ဂွေးကုန်းကျေးရွာမှ (၂) ဦး၊ ရွာသန်းကျေးရွာမှ (၂) ဦး၊ မူးသာကျေးရွာမှ (၁) ဦး၊ သာဝတ္ထိကျေးရွာမှ (၈) ဦး၊ ကံသစ် ကျေးရွာမှ (၂) ဦး စုစုပေါင်း (၄၂) ဦး တွေ့ရှိကြောင်း သိရသည်။

 

ပိုးတွေ့လူနာ (၄၂) ဦးတွင် တစ်ဦးမှာ သေဆုံးသွားသဖြင့် ပြည်သူ့ဆေးရုံတွင် (၄၁) ဦး တက်ရောက်နေကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)