ပင်လောင်း ဇူလိုင် ၇
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ဇူလိုင် ၇ ရက်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ ၁၄ ဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ယနေ့တွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများသည် ပင်လောင်းမြို့ ဈေးတန်း ရပ်ကွက်တွင် တစ်ဦး၊ ထီပေါင်းကျေးရွာအုပ်စု ဖြူးရှားရွာ တစ်ဦး၊ တီကျစ်ကျေးရွာအုပ်စု တီကျစ် အလယ်ပိုင်း ၁၀ ဦး ၊ တီကျစ်မြောက်ပိုင်း တစ်ဦး၊ ဟဲဟိုးမြို့ အင်းခေါင်းကျေးရွာလိပ်စာဖြင့် တီကျစ်ကျေးရွာတွင် တစ်ဦး စုစုပေါင်း အတည်ပြုလူနာ ၁၄ ဦးထပ်မံတွေ့ရှိခဲ့သည်။
ဇွန် ၃၀ ရက်မှ ဇူလိုင် ၇ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၅၀ ဦး တွေ့ရှိခဲ့ပြီး အတည်ပြုလူနာများကို ပင်လောင်းမြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်ဆောင်နှင့် တီကျစ် တိုက်နယ်ဆေးရုံ သီးသန့်ဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကိုလည်း အသွားအလာ ကန့်သတ်စောင့်ကြည့်ရာ နေရာများတွင် ၁၀ ရက်ကြာ ကျန်းမာရေးစောင့်ရှောက်ထားရှိမည်ဖြစ်ကြောင်းနှင့် ထိတွေ့ဆက်စပ်သူများကိုလည်း ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)