နမ့်ဆန်မြို့တွင် ကိုဗစ်- ၁၉ ရောဂါ အတည်ပြုလူနာ (၅)ဦး ထပ်မံတွေ့ရှိ

နမ့်ဆန်  ဇူလိုင်  ၁၂

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း Quarantine Centre များတွင်ထားရှိသည့် နေရာများသို့ ယနေ့ က RDT Test Kit ဖြင့် တာဝန်ရှိသူများက စစ်ဆေးမှုများ ထပ်မံပြုလုပ်ခဲ့ရာ  ကိုဗစ်- ၁၉ အတည်ပြုလူနာ ထပ်တိုး(၅)ဦး ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း (၇) ဦးထိ ရှိလာကြောင်း ကနဦး သိရသည်။

ယနေ့ ပိုးတွေ့ရှိသူ ထပ်တိုးလူနာ (၅)ဦးသည်          ဇယ်တုန်ဟုန်းကျေးရွာ Quarantine Centre တွင် ထားရှိသူ ကျား(၁)ဦး၊ ဘုရားကြီးကျေးရွာ  Quarantine Centre တွင် ထားရှိသူ ကျား(၁)ဦး၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း Quarantine Centre တွင် ထားရှိသူ ကျား(၃)ဦး ဖြစ်သည်။  ဘုရားကြီးကျေးရွာ Quarantine Centre တွင် ရောဂါပိုးတွေ့ရှိသူသည် လောက်ကိုင်မြို့မှ ပြန်လည်ရောက်ရှိလာသူများဖြစ်ပြီး ဇယ်တုန်ဟုန်းကျေးရွာနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း Quarantine Centre တွင် ရောဂါပိုးတွေ့ရှိသူများသည် မူဆယ်မြို့မှ ပြန်လည်ရောက်ရှိလာသူများဖြစ်ကြောင်း သိရသည်။ အဆိုပါ ပိုးတွေ့လူနာများအား  ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရိပ်သာရှိ သီးသန့်ကုသဆောင်တွင် ထားရှိကာ ဆေးကုသမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်း Quarantine ဝင်ရောက်နေသူများအား စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

စည်သူမောင်မောင်