လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ (၂)ဦးထပ်မံတွေ့ရှိပြီး(၄)ဦး ထပ်မံဆေးရုံဆင်းခွင့်ရ

လပွတ္တာ ဇူလိုင် ၁၃
 
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ဇူလိုင်(၁၂)ရက် နေ့ ညနေပိုင်းစစ်ဆေးရာ တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ (၂)ဦးထပ်မံ တွေ့ရှိပြီး(၄)ဦး ဆေးရုံဆင်းခွင့်ရရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ကော်မတီမှ သိရသည်။
လပွတ္တာမြို့နယ်တွင်နေမကောင်း ဖျားနာပြီး ကုတင်၂၀၀ပြည်သူ့ဆေးရုံသို့ လာရောက်ပြသရာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦစီးဌာနမှ ကျား (၁)ဦး ၊ ၃မိုင်ကုတင်၂၀၀ ဆေးရုံဝန်ထမ်းအိမ်ရာမှ မ(၁) ဦးကို ဆေးရုံအုပ်ကြီးနှင့်အဖွဲ့မှ RDT ဖြင့် စစ်ဆေးရာတွင် စစ်ဆေးချက်အဖြေအရ ၎င်းတို့တွင် COVID-19 Positive ဖြစ်ကြောင်း တွေ့ရှိရသည်။
အဆိုပါပိုးတွေ့လူနာများအားမြို့နယ် ကိုဗစ်-၁၉ ကော်မတီနှင့်ခရိုင်/မြို့နယ် ကုသရေးဦးစီးဌာနတို့က ခုတင်(၂၀၀)ပြည်သူ့ ဆေးရုံရှိသီးသန့်ကုသဆောင် တွင် ထားရှိ၍ လိုအပ်သောဆေးဝါးကုသမှု များဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့နေအိမ်များအားကန့်သတ်နယ်မြေအဖြစ် ဆောင်ရွက်ထားလျက် ရှိပြီးလပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း (၁၁၉)ဦး ထိရှိခဲ့ပြီး ဆေးရုံးဆင်းခွင့် ရရှိသူစုစုပေါင်း (၄၁) ဦး ထိရှိလာပြီဖြစ်ပြီး ဆက်လက်ကုသဆဲလူနာ စုစုပေါင်း(၇၈) ဦး ရှိကြောင်းသိရသည်။