ဖျာပုံ ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူများနှင့် ဆက်စပ်သူ များ၊အနံ့မရခြင်း၊ ဖျားနာခြင်းဖြစ်သူများအား ဖျာပုံခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်အတွင်း သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာနများတွင် လာရောက်ပြသသူတို့အား (RDT)ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ လူနာသစ်(၁၀)ဦး ထပ်မံ တွေ့ရှိခဲ့ပြီး အဆိုပါ ရောဂါပိုးတွေ့ရှိသူများနှင့် ထိစပ်သူများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုရှိ Home Base Facility Quarantine အဖြစ်အသွားအလာကန့်သတ် စောင့်ကြည့်ထားကြောင်းသိရသည်။
အဆိုပါ ကိုဗစ်၁၉ရောဂါပိုးတွေ့ရှိသူလူနာသစ်(၁၀)ဦးမှာ ဖျာပုံမြို့နယ် ၊ကျုံသွတ်တညီကျေးရွာအုပ်စု မှကျား(၃)ဉီး၊မ(၁)ဦး၊ ဖျာပုံမြို့နယ် အမှတ်(၁၂)ရပ်ကွက်မှကျား(၁)ဦး၊ အမှတ်(၉)ရပ်ကွက်မှ ကျား(၁)ဦး၊ မ(၃)ဦး၊ဖျာပုံ မြို့နယ်အမာမြို့ဆိပ်မကျေးရွာအုပ်စုမှကျား(၁)ဦး ၊စုစုပေါင်း ပိုးတွေ့လူနာ (၁၀)ဦးဖြစ်ပြီး ဖျာပုံ မြို့ နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆေးကုသမှု ခံယူသူ လူနာစုစုပေါင်း (၉၅)ဦး နှင့် မြို့နယ်အတွင်း Facility Quarantine ၊ အသွားအလာကန့် သတ်စောင့်ကြည့် ခံထားရသူ စုစုပေါင်း (၄၅)ဦး၊ နေအိမ်အတွင်း အသွားအလာကန့်သတ် စောင့်ကြည့် ထားသူ(၅၀)ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အောင်ဝင်းနိုင်