မိုင်းဖြတ်မြို့၊ဝမ်နောင်ကျေးရွာ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရွာထိပ်တွင် ဖြတ်သန်းသွားလာမှုကို ယာယီကန့်သတ်

မိုင်းဖြတ် ၊ ဇူလိုင် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ၁၂ရက်နေ့ ညနေ၇နာရီမှစ၍ မိုင်းဖြတ် ကျေးရွာအုပ်စု၊ ဝမ်နောင်ကျေးရွာ၌ ကျေးရွာထိပ်တွင် ဖြတ်သန်းသွားလာမှုကို တားမြစ်ထားကြောင်း သိရသည်။

ထိုသို့ကျေးရွာအတွင်း ဖြတ်သန်းသွာလာမှုများ တားမြစ်ထားရာတွင် ကျေးရွာနေရပ်မိရပ်ဖိ ဦးနန်လုံခမ်းက “ကျွန်တော်တို့ ဝမ်နောင်ကျေးရွာမှာ ဇူလိုင်လ၁၂ရက်နေ့ ညနေ၇နာရီလောက်ကနေစပြီး ကျေးရွာအတွင်းဖြတ်သန်းသွားလာမှုများကို ယာယီတားမြစ်ထားပါတယ်၊ ဒီလိုသွားလာ တားမြစ်ထားတာ ကလည်း ကျွန်တော်တို့ကျေးရွာမှ အစည်းအဝေးပြုလုပ်ပြီး ကျေးရွာနေရပ်မိရပ်ဖများနှင့် အများသဘော တူညီချက်နဲ့ တားမြစ်ထားတာဖြစ်ပါတယ်။ ယခုအချိန်မှာ မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှု မရှိ စေရေးအတွက်မြို့နယ်အတွင်းဌာနဆိုင်ရာ တာဝန်ရှိသူတွေက ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းကို အရှိန်မြှင့်ဆောင်ရွက်နေသလို ကျွန်တော်တို့ ကျေးရွနေပြည်သူများလည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်လာပြီ ဖြစ်တဲ့အတွက် ဆောင်ရွက်ရတာဖြစ်တာပါဟု” ရှင်းလင်းပြောကြားသည်။

အဆိုပါ ဝမ်နောင်ကျေးရွာတွင် နေထိုင်သည့် ကျေးရွာနေပြည်သူများသည် တစ်နိုင်တစ်ပိုက် စိုက်ပျိုး ရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး ယခုလိုကျေးရွာအတွင်း ဖြတ်သန်းသွားလာမှုကို ယာယီ ပိတ်ထားသော်လည်း ဟင်းသီးဟင်းရွက်များ အရောင်းအဝယ်ပြုနိုင်ရေးအတွက် မိမိဖောက်သည်များကို ရွာထိတ်တွင် ဖုန်းနှင့်ဆက်သွယ်၍ အရောင်းအဝယ်ပြုနိုင်ကြောင်း၊ ရွာတွင်းနေထိုင်သူများကိုတော့ ကျေးရွာ အပြင်သို့ပေးမထွက်ကြောင်း၊ သာမန်အားဖြင့် ကျန်းမာရေးကိစ္စရပ်များလိုအပ်ပါက ရပ်မိရပ်ဖများ၏ ခွင့်ပြုချက်များကို ရယူရန်လိုအပ်ကြောင်း ကျေးရွာနေပြည်သူများကို အသိပေးထားပြီးဖြစ်ကြောင်း ဦးနန်လုံးခံထံက သိရသည်။

သန်းထွန်းအေး